နိုင်ငံတကာ လူငယ်များနေ့ ရန်ကုန်မှာ ကျင်းပ

2014-08-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပစဉ်
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပစဉ်
Photo: Sann Maw Aung, Wai Yan Moe Myint / RFA

လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပရာမှာ လူငယ်တစ်ထောင့်ငါးရာလောက် တက်ရောက်ခဲ့ ကြပါတယ်။

အဲ့ဒီလူငယ်ပွဲတော်ကို ပူးပေါင်းစီစဉ်တဲ့ ရန်ကုန် လူငယ် ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပြ ပွဲ ဖြစ်မြောက်ရေးကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ဒီနေ့ပွဲအကြောင်း အခုလိုပြောပါတယ်။

"ဒီလိုနိုင်ငံတကာ လူငယ်များနေ့မှာ အခြားနိုင် ငံက လူငယ်များကလည်း လူငယ်အချင်းချင်းကို ဂုဏ်ပြုတဲ့ပွဲတွေ၊ ကမ်ပိန်းတွေ လုပ်ကြတယ် ၊ မြန်မာနိုင်ငံမှာ ဘာလို့မရှိရမှာလဲ၊ အထူးသဖြင့် ရန်ကုန်လိုမျိုးပေါ့နော် အခြားနယ်တွေနဲ့စာရင် ဖွံဖြိုးနေတဲ့ မြို့နယ်တစ်ခုမှာ ကျမတို့ ပွဲလုပ်ဖို့ဆုံးဖြတ် ခဲ့ကြတယ်၊ကျမတို့လူငယ်အားလုံးမှာ ဒီနှစ်ရဲ့ UN အဖွဲ့နဲ့ စိတ်ကျန်းမာရေးနဲ့ ချိတ်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် လူငယ်တွေ လိုအပ်နေတာက သူတို့ကို ပံ့ပိုးပေးနိုင်တဲ့ အသိုက်အဝန်းကောင်းတစ်ခု၊ ပတ်ဝန်းကျင်ကောင်းတစ်ခု လိုအပ်နေတယ်"

အခမ်းအနားမှာ လူငယ်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေကို ခင်းကျင်း ပြသထားပြီး လူငယ်အဖွဲ့တွေ ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ၊ လူငယ်ကဗျာဆရာတွေရဲ့ ကဗျာရွတ်ပွဲတွေနဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ် ခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ကြတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုနဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့