သုံးရောင်ခြယ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်

တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ကြတဲ့ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသား တဦးလည်း ဖြစ်တဲ့ ကိုကျော်ဆန်းဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး မပေါ်ပေါက်ခင် စီတန်းလမ်းလျှောက်မှု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်း လှုပ်ရှားမှုတွေကြောင့် ၂၀၀၇ သြဂုတ်လအတွင်း အဖမ်းဆီးခံရကာ ထောင်ဒဏ် ၄ နှစ်ကျခဲ့ပါတယ်။

2011.05.20
prisoners_amnesty_305_z.png အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မေလ ၁၇ ရက်နေ့တွင် နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်မြောက်လာသော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၄၇ စတဲ့ နိုင်ငံတော် အကြီးအကဲတွေကို အကြည်အညိုပျက်အောင် လုပ်ဆောင်မှု ဆူပူအောင် လှုံ့ဆော်မှုတွေနဲ့ သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ စတင် ဖမ်းဆီးချိန်တုန်းက အင်းစိန်ထောင်၊ အဲဒီနောက် ကျိုင်းတုံထောင် အခုနောက်ဆုံး မိုင်းဆတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပြီး ထောင်ဒဏ် သက်တမ်းပြည့်ဖို့ ၇ လအလိုမှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မေလ ၁၇ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်က မိုင်းဆတ်ထောင်က ပြန်လွတ်လာတဲ့ ကိုကျော်ဆန်း ရန်ကုန်မြို့ကိုအရောက်မှာ RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။