အတိုင်ခံရတဲ့ NLD လွှတ်တော် အမတ်များကို စုံစမ်းစစ်ဆေး


2016.05.11
nyanwin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုတိုင်ကြားရေးဌာနကို တိုင်ကြားစာပို့ အတိုင်ခံထားရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာတင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အခုလို အတည်ပြုပြောကြားပါတယ်။

"ကျနော်တို့ စစ်ဆေးတာတွေရှိတယ်၊ ခေါ်ယူစစ်ဆေးတာထက် မေးမြန်းတာလုပ်နေတယ်လို့ပြောရင် ပိုကောင်းတယ်၊ တစ်ဦးချင်းစစ်ဆေးနေတယ်၊ သူတို့ကိုခေါ်ချင်မှခေါ်မယ်၊ အပြစ်တွေ့ရင်တော့ အရေးယူရမှာပေါ့"

မတ်လမှ မေလဆန်းအထိ တိုင်ကြားခံတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦးလောက်ရှိပြီး   ပါတီဗဟို တိုင်ကြားရေးဌာနကို အတိုင်ခံထားရတယ်လို့ သိရပါတယ်။

ဒီလိုတိုင်ကြားခံရပြီး အပြစ်ရှိကြောင်းတွေ့ရှိရင် ဗဟိုကော်မတီက အရေးယူသွားမယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။