တိုင်းနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့စည်းမည်

2017-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို ရန်ကုန်မြို့ MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို ရန်ကုန်မြို့ MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်
Photo:Thant Zin Oo/RFA

မြန်မာနိင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ကြေငြာချက်အမှတ် ၁၁/၂၀၁၇ အရ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ရင်းနှီးမြှုပ်နှံမှုကော်မတီတွေ ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီကော်မတီတွေကို MIC ရဲ့လုပ်ပိုင်ခွင့်အချို့ ခွဲပေးသွား မယ်လို့ ဒီကနေ့ ရန်ကုန်မြို့က MIC ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် တိုင်းနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေဟာ အမေရိကန်ဒေါ်လာ ၅ သန်း ဒါမှမဟုတ် မြန်မာကျပ်ငွေ သန်းခြောက်ထောင်အထိ တန်ဖိုးရှိတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး MIC ကိုခွင့်ပြုမိန့်တင်စရာမလိုတော့ဘဲ လုပ်ကိုင်ခွင့်ပြုနိုင်မှာ ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အသစ်ဖွဲ့စည်းမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတွေမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲု့ ပြည်နယ်ဝန်ကြီးချုပ်တွေက ဥက္ကဌအဖြစ်ပါဝင်မှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ၅ ဦးစီလည်းပါဝင် ရမှာဖြစ်ပါတယ်။

ကော်မတီတွေရဲ့ အတွင်းရေးမှူးနေရာကိုတော့ MIC ရဲ့တိုင်းနဲ့ပြည်နယ် ညွှန်ကြားရေးမှူးတွေက ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

အဲဒီကော်မတီတွေ ဖွဲ့စည်းဖို့အတွက် လက်ရှိအချိန်မှာ အမည်စာရင်းတောင်းခံထားပြီး ဧပြီလကုန်မှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့