မြစ်ဆုံရေကာတာကိစ္စ ပြည်သူ့သဘောထား လက်ခံစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်းဆောင်ရွက် သင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။

2011-09-12
Share
irrawaddy-boat-fare-305 ဧရာဝတီမြစ် အရှေ့နဲ့ အနောက်ကို ကူးလူးသွားလာ ကုန်ကူးသန်း ရောင်းဝယ်နေသူတွေကို တွေ့ရစဉ်။
RFA

မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

ဧရာဝတီ မြစ်ဆုံရေကာတာ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရထံကို ပန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ ပန်ကြားချက်မှာ သတင်းစာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တွေ အပါအဝင် အများပြည်သူတွေကလည်း ဝိုင်းဝန်း လက်မှတ် ရေးထိုးနေကြကြောင်း၊ ဒီလက်မှတ်တွေကို စုစည်းပြီး ဖြန့်ဝေဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။

စက်တင်ဘာလ (၁၀) ရက်နေ့က နေပြည်တော် မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ် ကာကွယ်ရေး လှုပ်ရှားသူတွေကို ဧရာဝတီ ရောဂါသည်များ၊ ဧရာဝတီ ရောဂါနဲ့ အမီလိုက်နေသူများလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အလင်း သတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးရဲ့ ကောင်းကျိုးတွေ အကြောင်း ဆောင်းပါးရေးသူဟာ သူကိုယ်တိုင်ပါပဲလို့လည်း ဝန်ကြီး ဦးဇော်မင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Anonymous says:
2011-09-13 05:23

မြစ်စုံေ၇ကာတာဆောက်ပြီးကချင်မြေကိုတစစီအမြစ်လှန်ဧရာဝတီမြစ်တလျှောက်ကတိုင်သူပြည်သာတွေဒုက္ခေ၇ာက်မှဒီအစိုး၇တွေကျေနပ်မယ်တယ်လူစိတ်မှမရှိသာ

Anonymous says:
2011-09-12 22:51

Very Stupid U Zaw Min, How can he got this position?

Anonymous says:
2011-09-14 01:22

VERY STUPID ZAW MIN, HE GOT THAT POSITION BECAUSE OF HE IS SO STUPID.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့