စိုက်ပျိုးစရိတ်ချေးငွေ နှုတ်ယူခံရမှု သာပေါင်းလယ်သမားတွေ ကန့်ကွက်ဆန္ဒပြ


2014.04.18
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ကွင်းပေါင်းကျေးရွာမှာ စိုက်ပျိုးရေးဘဏ်ကနေ လယ် သမားတွေက ထုတ်ချေးတဲ့ငွေအပေါ် အုပ်ချုပ်ရေးမှူးက အကြောင်းပြချက်မပေးဘဲ နှုှုတ်ယူတာတွေ ရှိတာကြောင့် ဒီနေ့ ကွင်းပေါင်းကျေးရွာက လယ်သမား ၃၀ လောက်က သာပေါင်းမြို့နယ် တရားရုံးရှေ့မှာ  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးက လယ်သမားတွေ ရဲ့ ချေးငွေထဲက ငွေ ၁ သိန်းချေးရင် ၅၀၀ ကျပ် ကောက် ခံခဲ့တာကို ကန့်ကွက်တာဖြစ်ကြောင်းသိရပါတယ်။

အဲဒီကိစ္စကို သာပေါင်းမြို့နယ်တရားရုံးကို တိုင်ကြားတဲ့ အခါမှာလည်း အရေးယူဆောင်ရွက်ပေးတာ မရှိကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကွင်းပေါင်း ကျေးရွာသား ဦးအေးဖေက ပြောပါတယ်။

" လယ်တစ်ဧကကို ၅၀၀ ကောက်တဲ့ဟာက လုံးဝ ဥပဒေနဲ့ ဆန့်ကျင်တယ်၊ ဧက ၂၀၀၀ ကျော် ပိုက်ဆံကို တွက်လိုက်မယ်ဆိုရင် ၁၀ သိန်းကျော်တယ်၊ အဲ့ကိစ္စကို ကန့်ကွက်တယ်ဆိုပြီး ကျွန်တော်တို့က ပြောတယ် ၊ ပြောတဲ့ဟာကို သူတို့က အဲ့ငွေနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေဆီက ယူလိုက်တယ်၊ ကျွန်တော်တို့က အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ တိုင်လိုက်တယ်၊ နောက်ဆုံး ရဲကို အမှုဖွင့်လည်းမရ ဘယ်မှမရတဲ့ အခါကျတော့ ကျွန်တော်တို့ တရားရုံးကို တိုင်တယ်၊ တရားရုံးကို တိုင်တဲ့အခါကျတော့ ကျွန်တော်တို့ကို တရားရုံးက ဒီနေ့ထိ ၂ ခါပဲစစ်တယ်၊ အဲ့ ၂ ခါပြီးတည်းက ဒီနေ့ထိ ဘာမှမလုပ်ပေးတော့ဘူး"

ကွင်းပေါင်းကျေးရွာက လယ်သမား ၂၀၀ လောက်ပိုင်ဆိုင်တဲ့ လယ်မြေဧက ၂ ထောင်ကျော်အတွက် ပြီးခဲ့တဲ့ မိုးရာသီ နဲ့ ဆောင်းရာသီမှာ စိုက်ပျိုးရေးဘဏ်ကနေ လယ် ၁ ဧကကို ငွေ ၁ သိန်း ၂ ကြိမ် ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။