ဧရာဝတီမြစ်ရေ မြင့်တက်


2017.06.19
irrawaddy-water-level-increase-620.jpg မြစ်ကြီးနားမြို့တာရိုးကနေ ဧရာဝတီမြစ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာပြည်မြောက်ဖျားဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘော၊ ချီဖွေမြို့နယ်တွေမှာ မိုးကြီးနေ တာကြောင့် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ မြင့်တက်နေပါတယ်။

မုတ်သုံလေအားကောင်းနေတဲ့အတွက် ဧရာဝတီမြစ်ရေမှတ်ဟာ ဆက်မြင့်တက်နေဦးမယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှွန်ကြားမှု ဦးစီးဋ္ဌာမှူး ဦးတင်ထိုက် က ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်း နေ့စဉ်လိုလို မိုးရွာနေတာကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ စစ်ကိုင်း၊ မန္တလေး စတဲ့ ဧရာဝတီမြစ်အောက်ပိုင်းဒေသမှာ နေထိုင်သူတွေ ရေလမ်းခရီးသွားတဲ့အခါ သတိပြုသွားလာကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒဋ္ဌာနက သတိပေးထားပါတယ်။

မနေ့ကလည်း ဖားကန့်မြို့နယ်မှာ မိုးကြီးပြီး ဥရုချောင်းရေလျှံတာကြောင့် ဖားကန့်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ လုံးခင်းရွာတွေမှာ ရေကြီးခဲ့သလို လုံးခင်းရွာအနီးက လယ်မြေတွေလည်း ရေနစ်မြုပ်ခဲ့ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ မိုးတွင်းကာလဆိုရင် မိုးကြီးတာကြောင့် ဧရာဝတီမြစ်ရေတက်လေ့ရှိပြီး ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးညှင်း စတဲ့ မြို့နယ်တွေမှာ ရေကြီးလေ့ရှိသလို အဆောက်အဦးတွေပျက်စီးပြီး လူတွေထိခိုက်သေဆုံးမှုတွေလည်း ရှိပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်ဟာ ၁၂ဝဝ စင်တီမီတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။