အကျိုးမဲ့ သွားလာတာတွေ မလုပ်ဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြေညာ ချက်ထုတ်


2017.05.11
islam-holyday-620.jpg အစ္စလာမ်ဘာသာရေးအဖွဲ့က မေလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ဒီနေ့မေ ၁၁ ရက် ကြာသပတေးနေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ညမှာ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ဗလီဝတ်ကျောင်းတွေမှာ အေးချမ်းစွာဝတ်ပြုဆုတောင်းပြီး ပြင်ပနေရာတွေကို အကျိုးမဲ့ မသွားဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ ၅ ခုက မေ ၁၀ရက်နေ့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အစ္စလာမ်ဘာသာရေး နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဗလီဝတ်ကျောင်းနဲ့ ကဗရ်စတာန်(သုသာန်) မှအပ ပြင်ပနေ ရာတွေမှာ အကျိုးမဲ့သွားလာတာတွေကို ရှောင်ရှားပြီး နိုင်ငံအေးချမ်းရေးနဲ့ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးကို ဆုတောင်းကြဖို့ နိုးဆော်တာဖြစ်တယ်လို့ မော်လဝီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် အလ်ဟာဂျ်ဦးကျော်စိုးက ပြောပါတယ်။

"ကျနော်တို့ သာသနာက ဘာလဲဆိုတဲ့အခါ အေးအေးချမ်းချမ်းနေဖို့၊ ဆုတောင်းမေတ္တာပို့သဖို့၊ ဟေးလား ဟားလား အပြင်မှာမသွားဖို့၊ နောက်တချက်က ကျနော်တို့ နေ့ကြီးလကြီး မွန်မြတ်တဲ့လမှာ ကျနော်တို့ ဘုရားရှင် ကနေပြီးတော့ ဆုတောင်းမေတ္တာပို့တာကို လက်ခံတယ်။ ဒါကြောင့်မို့လို့ နိုင်ငံအတွက်ပါ၊ နောက်လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် တရားဘာဝနာ ကျင့်ကြံပြီးတော့ မေတ္တာပို့ဖို့ ကျနော်တို့က ပန်ကြား လွှာ ထုတ်တာပေါ့လေ။ လူသားအားလုံးအတွက်ပေါ့"

ဒီနေ့ဟာ အစ္စလာမ့်တရားတော်အရ ထူးကဲတဲ့ ညဉ့်မြတ်ဖြစ်တာကြောင့် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး တရားဘာ ဝနာ အားထုတ်ကြဖို့ တိုက်တွန်းတာလို့ ပြောပါတယ်။

ကဗရ်စတာန်(သုသာန်)မှာ တရားအားထုတ်ချင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကဗရ်စတာန် အုပ်ချုပ်ရေး အဖွဲ့တွေက သတ်မှတ်ထားတဲ့အချိန်အတွင်း ဆောင်ရွက်ဖို့လည်း သတိပေးထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အိုလမာအဖွဲ့ချုပ်၊ အစ္စလာမ်ကောင်စီဌာနချုပ်၊ မော်လဝီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန် မာမွတ်စလင်လူငယ်များဌာနချုပ်နဲ့ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် တို့က ပူးတွဲထုတ်ပြန်တာ ဖြစ်ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။