ရခိုင်က အမျိုးသမီးတွေအတွက် ဒေါ်လာ သန်း ၂၀ ဖိုး ဂျပန်ကူညီမည်


2018.01.12
japan-fm-622.jpg နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Taro Kono ကို တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar Facebook

ရခိုင်ပြည်နယ်က အမျိုးသမီးတွေ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ အကူအညီကို နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့် ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင် ငံခြားရေးဝန်ကြီး Mr.Taro Kono က ပြောပါတယ်။

နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီပေးရေးကိစ္စကို ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

အဲဒီလိုပေးအပ်နိုင်ဖို့ ဂျပန်နိုင်ငံ လွှတ်တော်ရဲ့ သဘောတူညီချက်ရမှ တရားဝင်ပြောနိုင်မယ်လို့လည်း စကားပြန်ကတဆင့် ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေကို ပြန်လည်နေရာချထားနိုင်ဖို့ အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေလှူဒါန်းဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းလည်းပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ရန်ကုန်- မန္တလေး ရထားလမ်းအတွက် တွဲဆိုင်းသစ်တွေ ပေးအပ်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ရန်ကုန်- မန္တလေးရထားလမ်း ၈ နာရီအထိ လျှော့ချသွားလာနိုင်ရေး ကူညီမယ်လို့လည်း ပြော ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Taro Kono ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။