ဂျပန်လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုဝန်ကြီး မောင်တောရောက်

ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုဝန်ကြီး Mr Iwao Horii ဟာ အကြမ်းဖက်မှုတွေဖြစ် ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ နေ့လည်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုဝန်ကြီး Mr Iwao Horii ကို စစ်တွေလေဆိပ်မှာ ၂ဝ၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်

ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုဝန်ကြီး Mr Iwao Horii ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ နေ့လည်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

မွတ်စလင် အကြမ်းဖက်သမားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်မိသားစုတွေနဲ့ မောင်တောမြို့မှာ တွေ့ဆုံခဲ့တယ်လို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ဦးနီမော်က ပြောပါတယ်။

"ခင်ဗျားတို့နဲ့ တွေ့ဆုံရတာ ခင်ဗျားတို့ရဲ့ဖြစ်စဉ်တွေကို နည်းနည်းသိချင်လို့ပါတဲ့၊ အဲဒါကြောင့်မို့လို့ သူတို့ကို ဒီဖြစ်စဉ်တွေ၊ အဖြစ်အပျက်တွေကို ပြောပြလိုက်တယ်လေ၊ သူတို့ ဒါကိုစစ်ဆေးဖို့လာတယ်လို့ပြောတယ်၊ ပြန်လည်လက်ခံရေးနေရာရော၊ နောက်ပြီးတော့ ဖြစ်စဉ်ဖြစ်ပျက်ခံရတဲ့လူတွေ အဲဒါတွေနဲ့ တွေ့ဆုံပြီးတော့ ကြည့်ဖို့လာတာလို့ ပြောပါတယ်"

ပြီးခဲ့တဲ့နှစ်က မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေနဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီးတွေကို မွတ်စလင်အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်း အဓမ္မခေါ်ဆောင်ခံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ ဦးနီမော်က ပြောပါတယ်။

နိုင်ငံခြားရေးဒုဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေကို ယာယီလက်ခံမယ့် လှဖိုးခေါင်ကြားခံ စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အတွင်းဝန်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေလည်း အတူလိုက်ပါခဲ့ကြပါတယ်။