နီပွန်ဖောင်ဒေးရှင်း ဒုက္ခသည်တွေကို ဒေါ်လာသန်း ၃ဝဝ ကျော် လှူဒါန်း

2013-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Thiha Tun

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်မှာ အင်္ဂါနေ့ က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဒုက္ခသည်တွေကို ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ အဓိကထားလှူဒါန်းခဲ့တယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Sasakawa က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အခုလို ထောက်ပံ့ခဲ့တာတွေကို မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Centre) ရဲ့ အကူအညီနဲ့ ၂ဝ၁၂ခုနှစ်အတွင်းက ပြုလုပ်ခဲ့တာပါ။ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် အကူအညီတွေထပ်မံပြီး ပေးသွားဦးမယ်လို့လည်း Mr. Sasakawa က ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့