မြန်မာကိုကူညီမှု အားလုံးရပ်ဖို့ ဂျပန်စဉ်းစားနေ

2021-05-20
Share
မြန်မာကိုကူညီမှု အားလုံးရပ်ဖို့ ဂျပန်စဉ်းစားနေ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi။
Photo: AFP

မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်မှုရှိမလာရင် ဂျပန်ကပေးနေတဲ့ ODA အကူအညီတွေ အားလုံးကို ရပ်ဆိုင်းဖို့ စဉ်းစားလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောလိုက်တဲ့အကြောင်း Nikkei Asia သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပေးနေတဲ့ ODA နိုင်ငံရပ်ခြားဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ အားလုံးကို မရပ်တန့်ချင်ဘူးဆိုပေမယ့်လည်း မြန်မာနိုင်ငံရဲ့ တိုးတက်မလာတဲ့ အခြေအနေတွေအောက်မှာ လုပ်ရကိုင်ရခ က်လိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှုတွေက အဖက်ဖက်ကနေ ရပ်တန့်သွားတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဂျပန်ရဲ့ရပ်တည်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ရှင်းရှင်းလင်းလင်း ကိုယ်စားပြုမှဖြစ်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က ပြောပါတယ်။

မြန်မာနိုင်ငံကို ပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ ODA အကူအညီတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ခု ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ ရှိခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီတောင်းဆိုသူတွေကို ရက်ရက်စက်စက် ဖြိုခွဲလာခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး လုပ်ကိုင်မယ့် စီမံကိန်းဆိုင်ရာ ဆွေးနွေးမှုတွေကို ဂျပန်ဘက်က ရပ်ထားလိုက်ပါပြီ။

ဂျပန်က ဘဏ္ဍာရေး အကူအညီပေးထားတဲ့အထဲမှာ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီး၂ခု ကို ဆက်သွယ်မယ့် မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့