အမေရိကန် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် မြန်မာပြည် လာဦးမည်

အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် မစ္စတာ Jim Webb ဟာ မြန်မာနိုင်ငံကို ဧပြီလအတွင်း ဒုတိယအကြိမ် သွားရောက်မှာဖြစ်ကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။

2012.03.27
jim_webb_305px.jpg အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb ဖြစ်ပါသည်။
(Photo: AFP)

ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Jim Webb ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။

အရှေ့အာရှ နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ကြီးကြပ်ရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီကို ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Jim Webb ဟာ မြန်မာပြည်ကို မရောက်ခင် ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို ဝင်ရောက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။