မစ္စတာ ဂျင်မ်ဝက်ဘ် NLD နဲ့ တွေ့ဆုံမည်

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ ဒီကနေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်၊ ရွှေဂုံတိုင်ရုံးချုပ်ကို လာရောက်မှာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.04.09
jim_webb_305px.jpg အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb ဖြစ်ပါသည်။
(Photo: AFP)

မစ္စတာ ဂျင်မ်ဝက်ဘ်ကို အဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနဲ့ ရုံးချုပ်မှာ တွေ့ဆုံမှာဖြစ်ကြောင်း၊ မစ္စတာ ဂျင်မ်ဝက်ဘ် လာရောက်တဲ့ ရည်ရွယ်ချက်မှာ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုကိစ္စတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သုံးသပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

မစ္စတာဂျင်မ်ဝက်ဘ်ရဲ့အခုခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်က အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပထမဦးဆုံး တွေ့ခွင့်ရခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။