ကချင် အနုပညာရှင် အသင်း ဖွဲ့စည်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ် မနောကွင်း ဥယျာဉ် မဂျွယ်ခန်းမမှာ ပထမအကြိမ်အဖြစ် ကချင်အနုပညာရှင်များအသင်း ကို ဒီကနေ့တရားဝင်ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ်မယ်လို့သိရပါတယ်။

2012.10.23
kachin-artists-b305 ကချင်အနုပညာရှင်အသင်းကို မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်
Photo: RFA

ကချင်အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက်ပြီးတော့အဝတ်အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။

အခုဖွဲ့စည်းတဲ့ ကချင်အနုပညာရှင်များအသင်းဟာ ကချင်မျိုးနွယ်စုတွေအားလုံးကို ကိုယ်စားပြု ဖွဲ့စည်းတာဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ ကချင်တိုင်းရင်းသား အနုပညာရှင်တွေ အဆိုတော်တွေတင်သာမကပဲ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေပါ ပါဝင်စည်းရုံးကြမယ်လို့ တက်ရောက်လာကြတဲ့ ကချင်တိုင်းရင်းသား အဆိုတော်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။