ကချင်စစ်ရေး ကြားဝင်ဆောင်ရွက်ဖို့ အစိုးရ ခွင့်ပြုချက်လိုကြောင်း ဒေါ်စုပြော

ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား အရှိန်မြင့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ဝင်ရောက်ဆောင်ရွက်ဖို့ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

2013.01.07
dassk-kyaukpadaung-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်
Photo: RFA/Nay Myo Htun

ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရအပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင်ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာသြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ဖို့တာဝန်လည်းရှိကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။