ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

2014-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
Photo:RFA/Kyaw Myo Min

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်မှာ အစိုးရတပ် တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့ တပ်မဟာ (၃) တပ်တွေ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ခုလိုတိုက်ပွဲဖြစ်ပွားရတာဟာ ဧပြီလ ၁၃ရက်နေ့က အစိုးရတပ် ခမရ ၂၇၆ ရဲ့ စစ်ကားတစ်စီးကို KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း  တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာ လို့ မြစ်ကြီးနားမြို့ အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

" မိုးမောက်မှာ သြင်္ကန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ တပ်သွားချိန်တာလေ၊ မိုးမိတ်ရွာတက် ၂၇၆ အဲ့တက်ကနေပြီးတော့ စိန်လုံမှာ သွားချိန်းမှာ သွားချိန်းမယ့်ဟာကို ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ မိုင်းခွဲတော့ အဲ့ဒါနယ်မြေကို ဝင်ရှင်းနေတာ၊ လမ်းပေါ်မှာ ကားမိုင်းခွဲတာနဲ့ ပတ်သက်ပြီးတော့ ရှင်းတဲ့ သဘောပါပဲ၊ အခြေအနေက ရှင်းတော့မရှိတော့ဘူးဆို ပြန်ထွက်လာမှာပါပဲ"

အဲ့ဒီလိုတိုက်ခိုက်မှုမှာ အစိုးရတပ်မတော်သားတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေ မယ့်  အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မိုးမောက်မြို့ရဲ့အရှေ့ဘက် ၅ မိုင်ကျော်အကွာ KIA တပ်မဟာ ၃ လက်အောင်ခံတပ်ရင်း ၁ နဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေအကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် KIA ဘက်က နေရာ ယူထားတဲ့ နန်ဆိုင်းနဲ့ ကျရီကျေးရွာတွေကနေ တပ်ဖွဲ့တွေ ဆုတ်ခွာပေးထားရပါတယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ခုလိုပြောပါတယ်။

" မနေ့ကတော့ နေ့လည်ပိုင်းအထိ KIO တပ်မဟာ ၃ ဒေသ တပ်မ ၉၉ ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာမျိုး မနေ့က နေ့လည်ပိုင်းအထိ ပစ်ကျတယ်ခင်ဗျ၊ တစ်ပတ်ရှိသွားပြီပေ့ါဗျာ၊ အင်အားကတော့ တပ်ရင်း ၄ ရင်းရှိတယ်၊ နောက်တော့ လက်နက်ကြီးနဲ့ နေရာ ၃ နေရာကနေပြီးတော့ ၁၀၅ မမ ရယ် ၁၁၀ မမ ရယ်၊ နောက်ပြီးတော့ ၈၁ မမ တို့ အဲ့ဒီလို ပစ်ပေးတယ်ဆိုတော့၊ ကျွန်တော်တို့ဘက်က အချိန်ကြာကြာ ခုခံဖို့က မလွယ်ဘူးခင်ဗျ၊ အဲ့ဒါကြောင့်မို့ ဆုတ်ပေးတာ"

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က နှစ်ဘက် တပ်တွေ ရင်ဆိုင် တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်း မကြားရပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေရှိတာကို သိထားကြောင်း ပြောပါတယ်။

ကချင်ဒေသတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်း ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကချင်ပြည်နယ်ထဲ ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်  တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှုရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ အသေးစိတ်ကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကချင်ဒေသတိုက်ပွဲကြောင့် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်မှု အလားအလာတွေနဲ့ပတ်သက်လို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA အဖွဲ့သား ဦကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

ပြောပြန်ရင်လည်း ..

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ထိန်းချုပ်ထားနိုင်မှ တရုတ်တွေကြိုက်သလို ချယ်လှယ် ဂုတ်သွေးစုတ်နိုင်မှာလေ။ “တရုတ်ကို ကြောက်”နေရတော့ တရုတ်အကြိုက်လုပ်ပေးနေ
ရတာပါပဲ။

Apr 20, 2014 02:50 PM

အမည်မဖော်လိုသူ

စိတ်ရင်းနဲ့နှလုံးသား ဖြူစင် လူ မရှိ တဲ့ ဦးသိန်းစိန် အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲရေး အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို သံသယ ပိုပြီး ဖြစ်ပါတယ်။

Apr 19, 2014 03:51 AM

အမည်မဖော်လိုသူ

အပစ်ရပ်လက်မှတ်မထိုးခင် ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က
နေရာတွေ များများယူထားဖို့ လိုပါတယ်။ ခရိုနီကြီးက ယိုးဒယားနဲ့ ဖက်စပ်လုပ်တဲ့ SKI RESORT မှာ အနှောင့်အရှက် မရှိဖို့လိုတယ်လေ။

Apr 18, 2014 04:39 PM

ဆိုက်တခုလုံးသို့