ဒုက္ခသည်တွေ ကယ်ဆယ်ရေး ဦးဆောင်ဆန္ဒပြသူ ၃ ဦး အသရေဖျက်မှုနဲ့ စွဲချက်တင်

2018-09-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

စစ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ရေး မြစ်ကြီးနားမှာ ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တပ်မတော်က စွဲချက်တင်တာကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးဟာ တပ်မတော်က တဖက်သတ် ထိုးစစ်ဆင်မှုတွေကြောင့် ရွာသားတွေ ထွက်ပြေးရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းဖွင့်ပေးဖို့ ဟာ တပ်တော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေကြောင်းနဲ့ ဗုံးကြဲတာတွေကို ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေ ထည့်သွင်း သုံးစွဲတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး က ဦးတိုက်လျှောက်ထား တရားစွဲဆိုတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးက အမှုလက်ခံလိုက်တာနဲ့ပတ်သက်ပြီး တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ဦးလွမ်းဇောင်းက RFA ကို အခုလို ပြောပါတယ်။

"တပ်မတော်ကို အသရေဖျက်စေမှုနဲ့ စွပ်စွဲထားတဲ့ ဦးတိုက်လျှောက်ထားမှုပေါ့။ အဲဒါက ဒီနေ့ ဦးတိုက်လျှောက်မှု ရုံးချိန်း ၁၅ချိန်းမှာ ကျနော်တို့ကို စွဲချက်တင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ကျနော်တို့ကတော့ ဒါက တရားမျှတမှု လုံးဝမရှိဘူးလို့ ယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီအပေါ်မှာ သူတို့ရဲ့သက်သေတွေလည်း ဆန္ဒပြမှုအပေါ်မှာ ကိုယ်တိုင် သိရှိနားလည်တာလည်း မရှိဘဲနဲ့ ကျနော်တို့အပေါ်မှာ မမှန်မကန် မှားယွင်းစွာ ကျနော်တို့ကို စွပ်စွဲထားတယ်လို့ ယုံကြည်ထားပါတယ်"

ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ဖို့ အမိန့်ချမှတ်လိုက်တာကို ကချင်ပြည်နယ် တရားလွှတ်တော်မှာ အယူခံဝင်သွားမယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့သူတွေကို လွတ်မြောက်ဖို့အတွက် ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုတဲ့အမှုကို စက်တင်ဘာ ၆ ရက်နေ့မှာ စတင်စစ်ဆေးဖို့ ရုံးချိန်း ချိန်းဆိုထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

UN should fully pay attention to fighting, killing, and Myanmar Army's brutal treatment to minorities at Kachin State. If possible, UN Peacekeeping Troups should be sent to those states.

Sep 05, 2018 03:39 AM

ဆိုက်တခုလုံးသို့