ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀ ကျော် ထွက်ပြေးတိမ်းရှောင်


2017.01.16
kachin-refugees-620.jpg ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ရွာတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မန်ကောင်နဲ့ လွယ်ခမ်းရွာသား သုံးဆယ်ကျော်ဟာ မိုင်းခေါင် ကချင်နှစ်ခြင်း အသင်းတော် ကယ်ဆယ်ရေးစခန်းကို ထွက်ပြေးခိုလှုံလာကြပါတယ်။

မန်ကောင်၊ လွယ်ခမ်း စတဲ့ ရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေဖြစ် ပွားနေတယ်လို့ မိုင်းခေါင်ရွာ ကချင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင် က ပြောပါတယ်။

အစိုးရတပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

လောလောဆယ်မှာ စစ်ဘေးဒုက္ခသည်တွေကို အရပ်ဖက်လူမှုအဖွဲ့တချို့က ထောက်ပံ့ကူညီနေတယ်လို့ မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

အလားတူ ကေအိုင်အေဌာနချုပ် လိုင်ဇာပတ်ဝန်းကျင်တဝိုက်မှာလည်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ ရက်ရှည်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။