ကချင်ပြည်နယ်နေ့ အခမ်းအနားကို သမ္မတ သဝဏ်လွှာပေးပို့

2018-01-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ ၂၀၁၈ ဇန်နဝါရီလ ၁၀ရက်နေ့က ပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို တွေ့ရစဉ်
မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ ၂၀၁၈ ဇန်နဝါရီလ ၁၀ရက်နေ့က ပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ဒီမိုကရေစီနိုင်ငံ နဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်မှာ တိုင်းရင်းသားညီအကိုမောင်နှမ အားလုံးက ခိုင်မာတဲ့ပြည်ထောင်စုစိတ်ဓါတ်နဲ့ ဝိုင်းဝန်းကူညီကြိုးပမ်းမှသာ အောင်မြင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အနှစ် ၇၀ ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားထံ သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် က ဖတ်ကြားခဲ့ပါတယ်။

"အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကြီးမှာ တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓါတ် စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ်တို့နဲ့ သွေးစည်ညီညွှတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။"

ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို နယ်မြေအေးချမ်းတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးမှသာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် စဉ်ဆက်မပြတ်ခံစားနိုင်ရေး အတွက်လည်း တည်ဆောက်သွားရမှာဖြစ်ကြောင်း အဲဒီသဝဏ်လွှာထဲမှာ ပါရှိပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို စီတာပူရပ်ကွက်က မနောကွင်းမှာ ကျင်းပခဲ့ပြီး ဂီတ နဲ့ ပဒေသာကပွဲတွေ၊ ထင်ရှားသူတွေကို ဂုဏ်ပြုတာတွေနဲ့ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အစိုးရအဖွဲ့ရုံးမြက်ခင်းပြင်မှာ ပြုလုပ်တဲ့ ပြည်နယ်နေ့အခမ်းအနားကို ကျောင်းသားလူငယ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဋ္ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ဆိုက်တခုလုံးသို့