ထိုးစစ်တွေရပ်တန့်ပေးဖို့ အဖွဲ့ ၁ဝဝ ကျော် သမ္မတနဲ့ ကာချုပ်ထံ စာပေးပို့ တောင်းဆို

2015-07-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁ဝဝ ကျော်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာပေး အပ်ခဲ့ပါတယ်။

ထိုးစစ်တွေ ရပ်တန့်ဖို့နဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီးတောင်းဆိုတာလို့ ဒေါ်သိန်နီဦးက ပြောပါတယ်။

"ပူတာအို ဆူတာမိုဆိုရင် ဆက်ပြေးစရာနေရာမရှိတော့ဘူး၊ သူက တစ်ဘက်ပိတ် နေရာလေ၊ ရှိတဲ့နေရာကို တပ်ရင်း ၁၇ ရင်းကပိတ်လိုက်ပြီဆိုရင်ပဲ သူတို့သည် တောကြီးထဲမှာပဲနေရုံပဲ၊ တခြားနိုင်ငံထဲကိုလည်း ကူးစရာနယ်စပ်မရှိဘူးပေါ့နော်၊ ဆိုတော့ တကယ့်ကို ရွာသားအားလုံး ဒေသခံအားလုံးရဲ့ အသက်ရှင်နေ ထိုင်ရေးက အင်မတန်အန္တရာယ်များနေပါတယ်၊ စာချုပ်နဲ့ သမ္မတကို လက်ရှိ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေရော ထိုးစစ်တွေအကုန်လုံးကို ချက်ချင်းရပ်ပေးပါ၊ ရပ်ပေးပြီးတဲ့အခါမှာ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တကယ်စစ်မှန် တဲ့ငြိမ်းချမ်းရေးဖြစ်အောင် ဆွေးနွေးပေးပါ၊ အဲ့ဒီအခါမှာ ချန်ခဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ တအောဝ်းပလောင်အဖွဲ့အစည်းကိုလည်း ပါဝင်ခွင့်ပေးပါ၊ နောက်ပြီးတော့ KIO ကိုလည်း ဆက်ပြီးတော့ ပါဝင်ခွင့်ပေးပြီးတော့မှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက်လုံးမှာ မည်သည့်စစ်ရေးလှုပ်ရှားမှု မည်သည့်စစ်ပွဲကိုမှမလုပ်ပဲနဲ့ ရပ်ဆိုင်းပေးပါလို့ ကျမတို့က တောင်းဆိုထားပါတယ်"

လက်ရှိ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့နယ်က ကျေးရွာ ၂ဝ ကျော်က လူဦးရေတစ်ထောင်ကျော်လောက်ကို အကူအညီပေးဖို့အတွက် လုံခြုံရေးအရ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ထိုးစစ်ဆင်မှုတွေရပ်တန့်ဖို့ အိတ်ဖွင့်ပေးစာကို ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်းမင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တို့ကတဆင့် ပေးပို့ခဲ့တာလို့ သိရပါတယ်။

ဒီအိတ်ဖွင့်ပေးစာပေးပို့တာနဲ့ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (6)
Share

အမည်​မ​ဖော်​လိုသူ

ထိုးစစ်​ရပ်​​စေခြင်​ရင်​ တဗိုလ်​တမင်းတိုင်းရင်းသားလက်​နက်​ကိုင်​ စစ်​အာဏာရှင်​​ဘိန်းရာဇာ​တွေကိုအရင်​​တောင်းဆိုပါ
ထစ်​ကနဲရှိအစိုးရပဲ။ အဲဒီအဖွဲ​တွေမဟုတ်​တာလုပ်​​နေကြတာ​တော့ဘယ်​သူမှပါးစပ်​မဟရဲကြဖူး။

Aug 01, 2015 05:40 AM

အမှန်​မြင်​ပြည်​သူ

ထိုးစစ်​ရပ်​​စေခြင်​ရင်​ တိုင်းရင်းသားလက်​နက်​ကိုင်​​ခေါင်း​ဆောင်​​တွေကို​တောင်းဆိုရမှာ ငြိ​မ်းချမ်း​ရေးကိုအမြတ်​မထတြ်​ပါနဲ့လို့  တရုပ်​ဘိန်းရာဇာ ဖုန်းကြားရှင်​အတွက်​ အသဲအသန်​ငြိမ်းချမ်း​ရေးစာပွဲထဲရ​အောင်းအတင်းလုပ်​မ​နေပါနဲ့လို့  ၊ လက်​နက်​ကိုင်​တိုင်းရင်းသားအာဏာရှင်​​တွေမလုပ်​ပဲနဲ့ဥပ​ဒေ​ဘောင်​ထဲက၀င်​ပီး ​ဒေသအကျိုးတွက်​လုပ်​ပါလို့ သစ်​​တွေဘိန်း​တွေတရာမ၀င်​မလုပ်​ပါနဲ့လို့ ဒါဆိုတိုက်​ပွဲ​တွေရပ်​သွားလိမ့်​မယ်

Aug 01, 2015 02:13 AM

ကျော်​ကိုကို

ဘိန်းရာဇာဖုန်းကြားရှင်​ တဖက်​နိုင်​ငံက​ကြေးစားတရုပ်​စစ်​သားများနဲ့အတူ TNLA/AAတို့ နဲ​ပေါင်းပီး​လောက်​ကိုင်​အုပ်​ချုပ်​မှုအ​ဆောက်​အအုံများ၊ တပ်​မ​တောစစ်​စခန်းများအား စတိုက်​တုန်းဘယ်​သူမှမ​အော်​ပဲ ခုမှထ​အော်​တာ မှန်းချက်​နဲနှမ်းထွက်​မကိုက်​လို့ပါ၊ အလားတူ ​ကေအိုင်​​အေက ကချင်​မှာ အစိုးရရဲအချုပ်​ကားကိုတိုက်​ခိုက်​တုန်းကလည်းဘယ်​အဖွဲ့ စည်းမှမ​အော်​ကြပါလား။ ​တော်​​တော်​တရားကျဖို့​ကောင်းတယ်​ ။လူမှုအဖွဲစည်းဆိုတာဘက်​လိုက်​မှုမရှိရဖူး။အားလုံးသူပုန်​အား​ပေး တိုင်းပြည်​သစ်​စာ​ဖောက်​​တွေပဲ။

Jul 30, 2015 09:54 AM

ဇေယျာလွင်

စစ်​ကိုမလိုလားပါ သို့​သော်​ ငြိ​မ်းချမ်း​ရေးတဖက်​က​အော်​​နေပြီး အခြားတဖက်​က မရိုးမသားနဲ့ အစိုးရအ​ဆောက်​နှင့်​ အအုံစစ်​စခန်းများအားလာ​ရောက်​တိုက်​ခိုက်​သည့်​နယ်​​မြေလထုအား ဆက်​​ကြေး​ကောက်​ မိုင်း​ထောင်​မိုင်းခွဲ လုပ်​​နေသည့်​ မရိုးသားသည့်​ လက်​နက်​ကိုင်​များအား အမြစ်​ပြတ်​​အောင်​ဆက်​တိုက်​ပါ

Jul 29, 2015 06:52 AM

ဦးဝင်းတင်

ထိုးစစ်​ရပ်​တယ်​ဆိုတာအစိုးရကိုချည်း​ပြောလို့မရဖူး​လေ
တချို့​နေရာ​တွေမှာ ဘိန်းမူးယစ်​နဲ့ အဖိုးတန်​သံယံဇာတခိုးထုတ်​တဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ ​တွေရဲ့ မရိုးသားမှု​ကြောင့်​ဖြစ်​တာ​တွေလည်းရှိပါတယ်​။ ကချင်​မှာဖမ်းဆီး ​ထောင်​ချတဲ့ တရုပ်​လူမျိုး၁၅၀​ကျော်​က သက်​​သေခံ​နေပါတယ်​။တချို့နယ်​​မြေများတွင်​TNLA ကအစိုးစစ်​စခန်းများကိုစပီးလာတိုက်​တာပါ။၂ဖက်​စလုံးကို​တောင်းဆိုရပါမယ်​။

Jul 29, 2015 06:48 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့