ကလလတ နယ်ခြားစောင့်တပ် (၄) နှစ်မြောက် ကျင်းပ


2013.11.08
kalalata-305.jpg ကယားပြည်နယ် လွိုင်ကော်မြို့ ကလလတရုံးမှာ နိုဝင်ဘာလ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Nay Thwae

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) နယ်ခြားစောင့်တပ်ဖွဲ့စည်းတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ (ကလလတ) ရုံးမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ကလလတ အဖွဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးတဲ့အခါ နိုင်ငံရေးပါတီအဖြစ် တည်ထောင်သွားမယ်လို့ အဲဒီအဖွဲရဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးမန်းသက်ဖော က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ အခမ်းအနားကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ်၊  ကယားပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပြင် ကယန်းပြည်သစ်ပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ခုနှစ်မှာ တပ်ရင်းအမှတ် ၁၀၀၄ နဲ့ ၁၀၀၅ နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။