ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့

မြင့်သူဝင်း
2021-01-25
Share
ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ကလေးမြို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ကို တွေ့ရစဉ်။
File Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူတစ်ဦး မနေ့မနက်က သေဆုံးသွားပါတယ်။

အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။

ရောဂါအခံရှိတာကို သူ့မိသားစု ပိုသိမယ့်အကြောင်းလည်း ပြောပါတယ်။ ကွယ်လွန်သွားသူကို ကာယကံမေတ္တာအသင်းနဲ့ ပုညကုသလ အသင်းတို့က ဒိုးဝိုင်းချောင်းသုသာန်မှာ မီးသဂြိုလ်ပေးခဲ့ပါတယ်။

ကလေးမြို့မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၃၀ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့