ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှု စုံခုံဖွဲ့စစ်ဆေး

2017-10-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အောက်တိုဘာလ ၁၉ ရက်နေ့ညက မီးလောင်ခဲ့တဲ့ ရန်ကုန်မြို့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို တွေ့ရစဉ်
အောက်တိုဘာလ ၁၉ ရက်နေ့ညက မီးလောင်ခဲ့တဲ့ ရန်ကုန်မြို့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပါဝင်တဲ့ စုံခုံဖွဲ့စည်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းပေးတာဖြစ်ပြီး စစ်ဆေးမှုတွေကို မနေ့က စတင်နေတယ်လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှူး ညွန်ကြားရေးမှူး ဦးကြည်ဝင်း က ပြောပါတယ်။

"တိုင်းအစိုးရဖွဲ့ပေးတဲ့အဖွဲ့ထဲမှာ မီးသတ်ပါတယ်၊ ရဲပါတယ်၊ ထွေအုပ်ပါတယ်၊ ဟိုတယ်ခရီးပါတယ် ၊ နောက်တစ်ခါ လဝကပါတယ်၊ အဲဒီအဖွဲ့တွေနဲ့ စစ်နေပါတယ်၊ မနေ့က စစစ်ပါတယ်၊ တစ်ပတ် ဆယ်ရက်လောက်တော့ ကြာမယ်ထင်ပါတယ်၊ စစ်ဆေးဆဲဖြစ်စဉ်တော့ ပြောလို့မရသေးဘူးဗျ"

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ လူဦးရေ ၁၄၁ ဦး တည်းခိုနေတာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် တည်းခိုနေသူ ၂ ဦး သေဆုံးခဲ့ပြီး မီးသတ်ဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဟိုတယ်မန်နေဂျာကို မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ဟာ မြန်မာမှုလက်ရာတွေ အမြောက်အမြား ထည့်သွင်းတည်ဆောက်ထားသလို ကျွန်းသစ်အများဆုံးနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦး တစ်ခုလည်းဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့