အပစ်ရပ်ရေး ဖိအားပေးဖို့ ကရင် အဖွဲ့အစည်း တိုက်တွန်း

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ ပြည်ပရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

2011.09.19
refugee_group_305_z.jpg ထိုင်း-မြန်မာနယ်စပ်အနီး ထမ်ဟင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေကြသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာ အစိုးရ တပ်တွေနဲ့ တစ်ရက်တာ အပစ်အခတ် ရပ်စဲဖို့ ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က စက်တင်ဘာလ ၁၅ ရက်က ကမ်းလှမ်းချက် ထုတ်ပြန်အပြီး နိုင်ငံတကာရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ခံ ကြိုဆိုတဲ့ အနေနဲ့ အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။

ကရင် အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က အခုလို ကမ်းလှမ်းတာဟာ မနှစ်က တကြိမ်နဲ့ အခု တကြိမ် ဖြစ်ကြောင်း၊ ဒါဟာ ကရင်လူမျိုးတွေရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ သဘောထားကို ပြသတာဖြစ်ပြီး တနေ့တာ အပစ်ရပ်ရေးကို အမှန်တကယ် အနှစ်သာရနဲ့ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း သြစတေးလျ ကရင် တိုင်းရင်းသားများ အဖွဲ့ နာယက ဦးစောလွင်ဦးက ပြောပါတယ်။

KNU ရဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုတွေ အပေါ် နိုင်ငံတကာ ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ အပြည့်အ၀ ပံ့ပိုး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း တိုင်းရင်းသား ဒေသတွေမှာ ထာဝရ အပစ်အခတ် ရပ်စဲရေး အတွက် ဦးသိန်းစိန် အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဒီကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒီအကြောင်း ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-20 21:14

we should project in connection with frighting because a lot of people were killed due to frighting.