တိုက်ပွဲကြောင့် ဒေသခံ ၄၀၀ လောက် ထွက်ပြေး

2018-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တိုက်ပွဲတွေကြောင့် ဖာပွန်မြို့နယ် ကန်ကြီးနောင်ရွာကနေ ထွက်ပြေးနေရတဲ့ ရွာသားတွေကို ၂၀၁၈ သြဂုတ်လ ၂၉ တွေ့ရစဉ်
တိုက်ပွဲတွေကြောင့် ဖာပွန်မြို့နယ် ကန်ကြီးနောင်ရွာကနေ ထွက်ပြေးနေရတဲ့ ရွာသားတွေကို ၂၀၁၈ သြဂုတ်လ ၂၉ တွေ့ရစဉ်
Photo: Pwar Mu Khu - facebook

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကန်ကြီးနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅၊  အစိုးရ တပ်မတော် နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ညီနောင်ကျေးရွာသား ၄၀၀ လောက်ဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

တိုက်ပွဲဖြစ်ပြီး ရွာထဲမှာ KNU တပ်သားတွေရှိနေတာကြောင့် ထွက်ပြေးလာတာလို့ ကန်ညီနောင်ကျေးရွာသူ ဒေါ်ချို က ပြောပါတယ်။

"ဒီမှာ KNU နဲ့ တပ်မတော်နဲ့ ပစ်နေတော့လေ ရွာသားတွေက ထွက်ပြေးလာတယ်လေ၊ ရွာသားတွေ မနေရဲလို့ ထွက်ပြေးလာရတယ်၊ ဒီနေ့ပဲ ထွက်ပြေးလာတယ်၊ လူဦးရေ ၄ဝဝ လောက်ရှိတယ်"

အစိုးရတပ်မတော်နဲ့ KNU တပ်တွေဟာ မနေ့က တစ်ကြိမ်၊ ဒီနေ့မနက်ပိုင်းမှာ တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ စောအယ်ဒိုကတော့ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ KNU နယ်မြေထဲကို တပ်မတော်က ရောက်ရှိလာတာကြောင့် သတိပေးပစ်ခတ်တာလို့ ပြောပါတယ်။

ကန်ညီနောင်ရွာတဝိုက်မှာ KNU တပ်မဟာ ၅၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့ နဲ့ အစိုးရတပ်တို့ ရှိနေတယ်လို့ သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲကို ရောက်ရှိလာတဲ့ DKBA ခွဲထွက်အဖွဲ့ကို ရှင်းလင်းရေးလုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး စောအယ်ဒို က ပြောပါတယ်။

ရွာသားတွေဟာ မြိုင်ကြီးငူ မိုးစမ်းမြရပ်ကွက်ကို ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး လတ်တလောမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆိုက်တခုလုံးသို့