လူသားချင်းစာနာမှု ထူးချွန်ဆု ချီးမြှင့်

လူသားချင်း စာနာမှုဆိုင်ရာ ထူးချွန်ဆုကို ၂၀၁၂ ခုနှစ်အတွက် ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) က အမှုဆောင်ညွှန်ကြားရေးမှူး နော်စူစန်နာ လှလှစိုးကို ရွေးချယ်လိုက်ပါတယ်။

2012.03.28
naw-susana-hla-hla-soe-b305 ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) အမှုဆောင်ညွှန်ကြားရေးမှူး နော်စူစန်နာ လှလှစိုး ဖြစ်ပါသည်။
RFA

အမေရိကန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့ Inter Action က ကမ္ဘာတဝန်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေမှာ ထူးထူးချွန်ချွန်နဲ့ ခေါင်းဆောင်သူတွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။

နော်လှလှစိုးကို လူသားချင်းစာနာမှု ထူးချွန်ဆု ချီးမြှင့်တာနဲ့ ပတ်သက်ပြီး KWAG အဖွဲ့ဝင် နော်ဧပရယ်လ်က အခုလို ရှင်းပြပါတယ်။

နော်လှလှစိုးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးတွေရဲ့အရေးကို အလေးထား ဆောင်ရွက်သူတစ်ဦးဖြစ်သလို၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် အသေးစားချေးငွေ အစီအစဉ်တွေ၊ ကလေးတွေအတွက် ပညာရေး အထောက်အပံ့ ပေးရေးတွေနဲ့ သဘာဝဘေး ခံရသူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Inter Action က ချီးမြှင့်တဲ့ ဒီဆုကို နော်လှလှစိုးက မေ ၁ ရက်နေ့မှာ လက်ခံရယူမှာ ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် အခြေစိုက် Inter Action အဖွဲ့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ရေး စတာတွေကို လုပ်ကိုင် ဆောင်ရွက်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။