စစ်မှန်တဲ့ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ ကရင်နီပြည်နယ် KNPP ညီလာခံ ဆုံးဖြတ်

2015-12-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကယားပြည်နယ် လွိုင်ကော်မြို့ က ဘာဒိုရပ်ကွက်မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်း ခန်းမဆောင်မှာကျင်းပတဲ့ ကရင်နီပြည်နယ် ညီလာခံကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့ က ဘာဒိုရပ်ကွက်မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်း ခန်းမဆောင်မှာကျင်းပတဲ့ ကရင်နီပြည်နယ် ညီလာခံကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo:Nay Thwae/RFA

စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အပါအဝင် ဘုံသဘောတူညီချက် (၇) ချက်ကို အကောင်အထည်ဖော်ဖို့ ကရင်နီပြည် နယ်ညီလာခံက ဆုံးဖြတ်လိုက် ပါတယ်။

ဒီကနေ့ ကယားပြည်နယ်လွိုင်ကော်မြို့ က ဘာဒိုရပ်ကွက်မှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းခန်းမ ဆောင်မှာ ကျင်းပတဲ့ ကရင်နီပြည်နယ်ညီလာခံမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ KNPP ရဲ့အတွင်းရေးမှူး (၂) ဦးရွေမျိုးသန့် က ပြောပါတယ်။

"ဒီရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့မှ အပိုင်း ၃ ပိုင်းမှာ ကျနော်တို့ လူထုကိုတင်ပြတဲ့ကိစ္စတွေမှာ အုပ်စုခွဲပြီးသားဖြစ်တယ်၊ ဘုံသဘောတူညီရေး အချက် ၇ ရပ်နဲ့ပတ်သက်ပြီးတော့မှ လုပ်ဆောင်ရမယ့် ချမှတ်ထားတဲ့ကိစ္စရပ်တွေကို တူရာတူရာသူ့ကဏ္ဍအောက်မှာ စုစည်းမယ်၊ မူဝါဒ ၇ ရပ်ထဲက လုပ်ငန်းအကောင်အထည် ဖော်ရမယ့်ကိစ္စများကို ကျနော်တို့က ရှေ့လုပ်ငန်းစဉ် ၂ဝ၁၆ ဇန်နဝါရီလ ၉ ရက်နေ့မှာ အစည်းအဝေးတရပ် ခေါ်ယူပြီးတော့ ညှိနှိုင်းသွားမယ်ဆိုတာ ပြောပြီးသားဖြစ်တယ်၊ အဲ့ဒီမှာ အလုပ်အဖွဲ့ကို ကျနော်တို့ ဖွဲ့စည်းသွားမယ်"

အဲ့ဒီညီလာခံကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့  ကနေ ၁၉ ရက်နေ့အထိ ငါးရက်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဘုံသောတူညီချက် (၇) ချက်မှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောာင်စုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိတဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့ ၊၂ဝဝ၈ ဖွဲ့စည်းပုံကို လူထုဆန္ဒနဲ့ အညီပြင်ဆင်ဖို့ ၊ ဖက်ဒရယ်ပြည်ထောင် စုကို ကာကွယ်ဖို့ ဖက်ဒရယ်တပ်မတော်ကို တည်ဆောက်ဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

ဘုံသဘော တူညီချက် (၇) ချက်ကို ကယားပြည်နယ် မြို့ နယ် (၇) ခုက ကိုယ်စားလှယ်(၇) ဦးနဲ့ အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး ၊ ကယောနီအမျိုးသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယား ပြည်နယ်)၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီအမျိုးသမီးအစည်းအရုံး စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၆ ဦး လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
Share

မြန်​မာလူမျိုးစိတ်​ထားနိုင်​ပါ​စေ

ပြည်​နယ်​နှင့်​တိုင်း​ဒေသကြီးက တိုင်းရင်​သားတဦးတည်းမပိုင်​ပါဖူး၊ ယင်းပြည်​နယ်​တိုင်းရှိ တိုင်းရင်းသားအားလုံးပိုင်​ပါတယ်​ဒါ​ကြောင့်​ လူမျိုးတမျိုးတိုင်းရင်းသားတဦးပဲပိုင်​တယ်​ သက်​ဆိုင်​တယ်​လို့ ​ပြောလို့ မရပါဖူး။ဘယ်​ပြည်​နယ်​တိုင်းမှာ ဘယ်​တိုင်းရင်းသား​နေ​နေ မြန်​မာလူမျိုး ဆိုတဲ့စိတ်​ထား နိုင်​ရင်​ ဖက်​ဒရယ်​ဆိုတာသာမညဖြစ်​သွားပါတယ်​။အများစု​နေတဲ့တိုင်း ရင်းသာက အနဲစုတိုင်းရင်းသားကို မြန်​မာလူမျိုး ကို့ညီအကို​မောင်​နှမလိုသ​ဘောထားရင်​လူမျိုး​ရေးအစွဲ​တွေ​ပျောက်​သွား မှာပါ။အ​မေရိကန်​ စင်္ကာပူမှာလူမျိုး​ပေါင်းစုံ​နေ​ပေမဲ့အ​မေရိ ကန်​လူမျိုးစင်္ကာပူလူမျိုးလို့အမြင်​ကျယ်​၂ခံယူလို့ တိုင်းပြည်​ က​​အေးချမ်းပီးတိုးတက်​တာပါ

Dec 21, 2015 07:36 AM

ငါဘာ​ပေးနိုင်​မလဲစိတ်​ထားပါ

ပြည်​​ထောင်​စုတပ်​မ​တော်​က ရှိပီးသားပါ ။လက်​ရှိမြန်​မာ့တပ်​မ​တော်​ အကြီးအကဲဖြစ်​တဲ့ ထားဝယ်​တိုင်းရင်းသားဖြစ်​တဲ့ဗိုလ်​ချုပ်​မှူးကြီး မင်း​အောင်​လှိုင်​က မြန်​မာလူမျိုးဆိုတဲ့စိတ်​ဓာတ်​နဲ့ တပ်​မ​တော်​ကိုဦး​ဆောင်​​နေပါတယ်​။လက်​ရှိတိုင်းရင်း သားလက်​နက်​ကိုင်​အဖွဲများအားလုံးသည်​ ငြိ​မ်းချမ်း​ရေုးလုပ်​ငန်းစဉ်​ရဲ့ DRRvလုပ်​ငန်းစဉ်​မှာ မြန်​မာလူမျိုးပြည်​​ထောင်​စု သား စိတ်​ဓာတ်​နဲ့ ပါဝင်​ရင်​ အားလုံး​ပြေလည်​သွားမှာပါ။ငါ့အတွက်​ကြည့်​မလား ပြည်​​ထောင်​စုတခုလုံး​အေချမ်းဖို့  ကြည့်​မလား ​ရွေးချယ်​ယုံပါပဲ။အ​မေစု​ပြောသလို တိုင်းရင်း သားအားလုံးက ငါဘာ​ပေးနိုင်​မလဲစိတ်​ထားရင်​အားလုံး​ပြေ လည်​သွားပါမှာ။

Dec 20, 2015 11:14 PM

ပြည်​​ထောင်​စုကြီး​အေးချမ်းပါ​စေ

လက်​​တွေ့ ပကတိအ​ခြေ​နေ မြန်​မာပြည်​နဲ့  ကိုက်​ညီတဲ့ ဖက်​ဒရယ်​ပြည်​​ထောင်​စုဖြစ်​ဖို့လိုပါတယ်​။ စိတ်​ကူးယဉ်​လွန်း အားကြီးရင်​ ​ဒေသခံပြည်​သူပဲဒုတ်​ခခံစားရတာပါ။နိုင်​ငံ​ရေး ရင့်​ကျက်​တာ၊စီးပွား​ရေးဓနအင်​အား​တောင့်​တင်းပုံခြင်း မတူ တာ​ကြောင့်​အ​မေရိကန်​လို ဂျာမဏီလို​တော့စိတ်​ကူးမယဉ်​ဖို့ လိုပါတယ်​ဘယ်​ဖက်​ဒရယ်​ပြည်​​ထောင်​စုမှာမဆိုတပ်​မ​တော်​ကတခုထဲရှိပီး ​သေနတ်​​တွေတကားကားနဲ့စစ်​ပ​ဒေရာဇ်​​ပေါင်း များစွာပုံစံကို ဘယ်​ပြည်​သူမှလိုခြင်​မှာ မြင်​ခြင်​မှာမဟုတ်​ပါဖူး။ပြည်​​ထောင်​စုသားအားလုံး​အေးချမ်းစွာ​အတူတကွ​နေထိုင်​နိုင်​ကြပါ​စေ။

Dec 20, 2015 08:38 PM

ဆိုက်တခုလုံးသို့