ကဝမြို့လေဘေး အိမ်ခြေ ၄၀၀ ကျော် ပျက်စီး


2013.05.09

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း မနေ့ကနေ့လည်ပိုင်းက လေပြင်းတိုက်ခတ်သွားတာကြောင့် အိမ်ခြေအလုံး ၄၀၀ နီးပါး ပျက်စီးသွားတယ်လို့သိရပါတယ်။

သရက်ကုန်း၊ ပေါက်ကံ၊ ကံထူး၊ ရွှေပေါက်ပင်စတဲ့ ကျေးရွာတွေမှာ တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် သရက်ကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ အဲဒီဒေသခံ ဒေါက်တာလှမိုးက RFA ကို ပြောပါတယ်။

လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် မိုးကြိုးပစ်ခံရတာနဲ့ သစ်ပင်ပြိုတာတွေကြောင့် နွား ၃ ကောင်သေဆုံးပြီး တိရိစ္ဆာန်တချို့ ထိခိုက်မှုရှိတယ်လို့သိရပါတယ်။

ဒေသခံတွေအနေနဲ့လည်း အဝတ်အစားနဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေပြီး လောလောဆယ်အထိ အာဏာပိုင်တွေဘက်က အကူအညီပေးတာ မရှိသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း သရက်ကုန်းကျေးရွာအုပ်စုထဲက ကျေးရွာ ၁၃ ရွာမှာ လေပြင်းတိုက်ခတ်လို့ အိမ်ခြေ ၅၈၃ လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

ကဝမြို့လေဘေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ဒေါက်တာလှမိုးကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။