ကေအိုင်အိုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ၀န်းရံမယ်လို့ ကြေညာချက်ထုတ်

2018-05-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ကို စစ်ရေး နိုင်ငံရေးအရ ၀န်းရံသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ထိုးစစ်ဆင်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ တပ်မတော်ရဲ့ တာဝန်သာ ဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ကျနော်တို့က ခံစစ်ကနေ ဘယ်လိုမှ ရပ်တည်လို့မရတော့ရင် ကျနော်တို့က ထိုးစစ်ပုံစံနဲ့ ပြန်ပြီးတက်လာရမယ်။ တက်လာလို့ရှိရင် စစ်ရေးအရ ဗျူဟာပြောင်းတိုက်တဲ့ အနေအထားတော့ ရှိတယ်။ စစ်ရေးစစ်ရာ အခြေအနေအရ အဲလိုမျိုးပြန်ပြီး ထိုးစစ်ပြောင်းတိုက်လာရင် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကို ပြောတာ ဖြစ်တယ်"

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်တဲ့ ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့ရဲ့ ထုတ်ပြန်ချက်မှာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို ဟန့်တားဖျက်ဆီးနေတဲ့ မြန်မာ့စစ်တပ်ရဲ့ ထိုးစစ်တွေကို ကန့်ကွက်ကြောင်း၊ ဒေသခံပြည်သူတွေ သွားလာမှု ကို ပိတ်ပင်တားဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ကချင်ပြည်နယ် အင်ဂျန်းယန်၊ တနိုင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြပြီး တောတောင်တွေထဲမှာ ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့