ဖားကန့်မှာ တပ်နဲ့ KIA တိုက်ပွဲဖြစ်

2021-03-11
Share
ဖားကန့်မှာ တပ်နဲ့ KIA တိုက်ပွဲဖြစ် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီး ဝေဟုန်းမှော်မှာ တပ်စွဲထားတဲ့ တပ်မတော်စခန်းတစ်ခုကို KIA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၃ နာရီကနေ ၅ နာရီအထိ ပစ်ခတ်သံတွေကြားရပြီး လက်ရှိမှာလည်း ဆယ်ဇင်းနဲ့ တာမခံကျေးရွာ ကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆယ်ဇင်းမှာ တိုက်ပွဲဖြစ်တယ်လို့ သတင်းသာကြားရပြီး အသေးစိတ်မသိရသေးကြောင်း RFA ကို ပြောပါတယ်။

KIA ဗဟိုအနေနဲ့ တပ်မတော်စခန်းတွေနဲ့ မြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်ဖိ့ု ညွှန်ကြားထားတာမရှိဘဲ အောက်ခြေတပ် တာဝန်ရှိသူတွေက ဆောင်ရွက်တာသာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဘက်မှာ KIA နဲ့ တပ်မတော်ကြား တောက်လျောက်တိုက်ပွဲဖြစ်နေပြီး ကချင်ပြည်နယ်အတွင်းမှာတော့ ဒါကပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့