KIA ဖမ်းဆီးသွားတဲ့ ကုန်တင်ယာဉ်မောင်း ၄ ဦး ပြန်လွတ်လာ

2018-12-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KIA တပ်ဖွဲ့ဝင်တချို့ စစ်ရေးလေ့ကျင့်နေစဉ်
KIA တပ်ဖွဲ့ဝင်တချို့ စစ်ရေးလေ့ကျင့်နေစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နွားနွဲ့ကျေးရွာအနီးမှာ KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကုန်တင်ယာဉ်မောင်း ၄ ဦး မနေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မူဆယ်ခရိုင်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။


ဒီဇင်ဘာလ ၄ ရက်နေ့ညပိုင်းမှာ နွားတွေတင်ဆောင်မောင်းနှင်လာတဲ့ ၁၂ ဘီးကား ၄ စီးက ယာဉ်မောင်းတွေကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပြန်လွတ်လာတဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးခံရချိန်က အခြေအနေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် က RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း နွားနွဲ့ကျေးရွာအနီးမှာ နွားတွေတင်ဆောင်လာတဲ့ ယာဉ် ၂ စီးက ယာဉ်မောင်းတွေကို KIA အဖွဲ့က ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်ကြားက ပြည်ထောင်စုလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင် ယာဉ်မောင်းတွေကို လက်နက်ကိုင်အဖွဲ့တချို့က မကြာခဏဆိုသလို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာမပြောဘဲ ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်လွှတ်ပေးလေ့ရှိတယ်လို့ ကုန်တင် ယာဉ်မောင်းတွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့