ဗန်းမော်မြို့နယ်ထဲက ရွှေသတ္ထုမိုင်းတွင်းတွေ ရှိရာဒေသမှာ တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်

2018-10-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
ကေအိုင်အေ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြစေတီကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ မနေ့က တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်ကစပြီး နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဟာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းအထိဖြစ်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ကြတယ်လို့ ဗန်းမော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီဒေသဟာ မြစေတီကျေးရွာနဲ့ ၂ မိုင်အကွာလောက်မှာရှိတဲ့  ရွှေသတ္တုမိုင်းတွင်းတွေရှိတဲ့နေရာဖြစ်ပြီး KIA က တပ်စခန်း အခြေချ လာဆောက်ရာကနေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲကြောင့် အဲဒီဒေသမှာ ရွှေသတ္တု တူးဖော်နေသူတွေနဲ့ ဒေသခံတွေရဲ့အခြေအနေကိုတော့ မသိရသေးဘူး လို့ အမည်မဖော်လိုတဲ့ ဗန်းမော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းအချိန်ထိတော့ အဲဒီဒေသမှာ နောက်ထပ်တိုက်ပွဲထပ်ဖြစ်ပွားတာ မကြားမိ ဘူးလို့လည်း ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး နော်ဘူ ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းတော့ မရှိပါဘူး။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Where is minerals Burmese army will come and take it. That's their goal for fire in kachin state.

Oct 21, 2018 09:33 AM

ဆိုက်တခုလုံးသို့