စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့် ICRC ကြက်ခြေနီ ကား ၃ စီး လှည့်ပြန်ရ

2013-02-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo : RFA/ Nyein Nyein Pyae

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ပြေးဒုက္ခသည် စခန်းတွေအတွက် ဆေးဝါးနဲ့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကား ၃ စီးကို ဒေသခံ အစိုးရတပ်တွေက တားဆီးတာကြောင့် အဲဒီကားတွေ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ကချင်ဒုက္ခသည် စခန်းတာဝန်ခံတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

လိုင်ဇာမြို့အဝင် မိုးနဲချောင်းကို ဖြတ်ဆောက်ထားတဲ့ တံတားအနီးမှာ ကေအိုင်အေတပ်တွေက ထောင်ထားတဲ့ မိုင်းတွေရှိတာကြောင့် အဲဒီတဝိုက်မှာရှိတဲ့ အစိုးရတပ် ခလရ ၂၄၀ က လုံခြုံရေးတာဝန် မယူပေးနိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့က အဲဒီနေရာမှာ သူတို့ထောင်ထားတဲ့ မိုင်းတွေမရှိကြောင်း ငြင်းဆိုပါတယ်။

လှည့်ပြန်သွားတဲ့ ICRC ကား ၃ စီးမှာ နိုင်ငံခြားသား ၃ ဦးအပါအဝင် စုစုပေါင်း ၉ ဦးပါတယ်လို့သိရပြီး၊ အခုလို ICRC ကားတွေ လှည့်ပြန်သွားတာနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ICRC ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဒီကနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ဖြေကြားခွင့်ရှိသူတွေ ရုံးကိုမလာကြောင်း ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

nyine

နေရပ်- taipei

Myanmar government looks like a naughty child

Feb 24, 2013 10:09 PM

La Zinghang

It is clear according to RFA article " ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ " 2013-02-23, U Nay Myo Zin group had already experienced it. This is artificially manipulating about KIA. This kind of accusation will never lead into peace in Myanmar.

Feb 24, 2013 09:14 PM

la Zinghang

It was clear since a peace group of Myanmar lead by one former General came back, on the way they were disturbed by Government soldiers putting Landmine on the bridge. In my opinion, it was them not KIA

Feb 24, 2013 09:08 PM

Mars

နေရပ်- Guam

Hoped not a arms and ammunations under ICRC brand. Why screaming again?? Why don't you get through China side?

Feb 24, 2013 03:51 PM

Jim Nor

Myanmar Gov. must take all responsibilities and accountability. They could not control Burmese Racist Army.

Feb 24, 2013 11:13 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့