ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ KIO ခေါင်းဆောင်များ ကျင်းပ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့က KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ် ရုံးတခုမှာ မနေ့က ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

2011.06.20
assk_birthday_by_kio_305_z.jpg မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့က KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ် ရုံးတခုမှာ ဇွန်လ ၁၉ ရက်နေ့က ကျင်းပနေစဉ်။
RFA

ဒီအခမ်းအနားကို KIA ကချင် လွတ်မြောက်ရေး တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေ အစုံအလင် တက်ရောက်တဲ့ အတွက် ခါတိုင်းနှစ်တွေထက် ထူးခြားတယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

"စစ်ဦးစီးချုပ်အပါ ဒု စစ်ဦးစီးချုပ်နဲ့ ဦးစီးအရာရှိကြီးတွေ တက်ရောက်ပါတယ်။ ခါတိုင်း သူ့ဖာသာသူ လုပ်တာပေမဲ့ ဒီနှစ် ထူးခြားတာကတော့ KIA ခေါင်းဆောင် အများစု ပါဝင် တက်ရောက်တာကို တွေ့ရပါတယ်။"

ဒီမွေးနေ့ပွဲကို KIO အရာရှိတွေ အပြင်၊ ကချင် အမျိုးသမီးများ အဖွဲ့၊ ဒီမိုကရေစီရေး လုပ်ရှားသူတွေနဲ့ ဒေသခံ ခရစ်ယန် ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကေအိုင်အေ အဖွဲ့ဟာ လွန်ခဲ့တဲ့ သီးတင်းပတ်ကစလို့ မြန်မာ အစိုးရတပ်တွေနဲ့ နေ့စဉ် ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို တရုတ် နယ်စပ် အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင်ပြီး ရွှေလီမြို့ မှာပါ မနေ့က ကျင်းပခဲ့ပြီး ဘုန်းကြီး ဆွမ်းကပ်လှူခဲ့ကြတဲ့ အပြင် တခြား ကောင်းမှု ကုသိုလ်တွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။