အစိုးရတပ် ဗျူဟာကုန်းကို ကေအိုင်အေ ဝင်ရောက်တိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်း မုန်းကိုး အခြေစိုက် အစိုးရ စစ်ဗျူဟာကုန်းကို ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ၃၈ တပ်တွေက ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီလောက်က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်သတင်းတွေ အရ သိရပါတယ်။

2011.12.07
kia-training-305 KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက KIA ကချင်တပ်သားများ စစ်ရေး လေ့ကျင့်နေကြစဉ်။ ဓါတ်ပုံ - RFA
RFA

ဒီအကြောင်းနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဦးလနန်ကို မေးမြန်းကြည့်တဲ့အခါ-

“မုန်းကိုးဘက်မှာ ရှိတဲ့ ဗျူဟာကုန်းလို့ပဲ ကျွန်တော် အကြမ်းဖျင်း သိရတယ်ခင်ဗျ။ မနက် အစောကြီး တစ်နာရီ ညသန်းခေါင်ပေါ့။ အဲဒီမှာ မိုးနည်းနည်း ရွာတဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က သွားတိုက်ခိုက်တော့ သူတို့ဗျူဟာမှူးနဲ့ တပ်ရင်းမှူး ကတော့ တရုတ်ပြည်ကမ်းမှာ သွားအိပ်တယ်။ အဲဒါကြောင့်မို့ သူတို့ နှစ်ယောက်က မရှိဘူး။ သူတို့ နှစ်ယောက် လွတ်သွားတာပေါ့ဗျာ။ ကျန်တဲ့ အိမ်အဆောက်အအုံတွေ အားလုံးက ထိခိုက်သွားတယ်ခင်ဗျ။”

အဲဒီတိုက်ပွဲမှာ နှစ်ဘက် ထိခိုက် သေဆုံးမှု အတိအကျ မသိရသေးပေမယ့် အစိုးရတပ်က ရဲနဲ့ စစ်သား စုစုပေါင်း ၁၀ ယောက်ကျော် ကျဆုံးပြီး ကေအိုင်အေဘက်က အရာရှိ တစ်ယောက် ကျဆုံးသွားတယ်လို့ နယ်စပ် သတင်းတွေ အရ သိရပါတယ်။ ကေအိုင်အိုက အဲဒီဗျူဟာကုန်းကို ဝင်ရောက် တိုက်ခိုက်ရတာဟာ ကေအိုင်အိုတပ်တွေနဲ့ ရဲဘော်တွေကို ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်သန်းက ခြိမ်းခြောက်နေတာကြောင့်လို့ ဦးလနန်က ပြောပါတယ်။

“အဲဒီဗျူဟာကနေပြီး ကျွန်တော်တို့ တပ်ရင်း ၃၆ နဲ့ ၃၈ ကို ထိုးစစ်လုပ်တာ။ နောက်ပြီးတော့ အဲဒီ ဗျူဟာမှူးကလည်း ကျွန်တော်တို့ရဲ့ ကေအိုင်အို တပ်ဖွဲ့ဝင်တွေကို အမြဲတမ်း ကြိမ်းဝါး နေတာပေါ့။မင်းတို့ ဘာတွေလဲ ဆိုတဲ့ဟာတွေပေါ့။ ကြိမ်းဝါးနေတဲ့ဟာတွေ ရှိတော့ အဲဒီမှာ ရှိတဲ့ ကျနော်တို့ တပ်တွေကလည်း အခွင့်ကောင်း ရှာပြီးတော့ တိုက်ခိုက်တဲ့ သဘောပါပဲ။ အဲဒီမှာ ဗျူဟာမှူးရဲ့အိမ်က လုံး၀ မီးလောင် ပျက်စီးသွားတယ်။”

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ခိုက်နေကြတာ အခုဆိုရင် ၆ လနီးပါး ရှိပါပြီ။ အပစ်အခတ် ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြတာတွေ ရှိခဲ့ပေမယ့် အခု အချိန်အထိ အစိုးရတပ်တွေက နေရာ အတော်များများမှာ ထိုးစစ် ဆင်နေတာကြောင့် တိုက်ပွဲတွေ ကတော့ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဝါရှောင်မြို့နယ် ဆဒုံး ဆမားဒေသရှိ ကေအိုင်အို တပ်ရင်း ၃ ဌာနချုပ်ကို သိမ်းပိုက်နိုင်တဲ့ အထိ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အစိုးရတပ်က ညွှန်ကြားထားပေမယ့် အခုအချိန် အထိ မသိမ်းပိုက်နိုင်သေးတဲ့ အကြောင်း ဦးလနန်က ပြောပြပါတယ်။

“နေရာ အနှံ့ပါပဲ။ အခု တပ်ရင်း ၃ ဘက်မှာလည်း အခုထိုးစစ် လုပ်နေကြတယ်။ သူတို့ ရည်မှန်းချက် ကတော့ ၆ ရက်နေ့ ညနေ ၄ နာရီမှာ မရမနေ ထိုးစစ်လုပ်ပါဆိုပြီးတော့၊ ဒါပေမယ့် သူတို့ရဲ့ရည်မှန်းချက်က မရသေးဘူးခင်ဗျ။ ဒါကြောင့် မရရအောင်ထိုးစစ်လုပ်ရမယ်။ အဲဒီတပ်ရင်း ၃ စခန်းကို သိမ်းရမယ်။ တကယ်လို့ မသိမ်းနိုင်ဘူးဆိုရင် ခင်ဗျားတို့ ရှေ့တန်းမှာနေတဲ့ တပ်ဖွဲ့တွေကို အရေးယူမယ် ဆိုပြီး နောက်တန်းကနေ ညွှန်ကြားထားတာမျိုး ရှိတယ်။ ဒါကြောင့်မို့ အခုအချိန်လည်း ဖြစ်နေတုန်းပဲ ခင်ဗျ။ တပ်မဟာ ၃ တပ်ရင်း ၁၅ ခွင်ထဲမှာလည်း တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တယ် ခင်ဗျ။”

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ နိုဝင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ သာမန် အပစ်အခတ် ရပ်စဲရေး လုပ်တာထက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ ကေအိုင်အိုဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-12 16:19

sai

Anonymous
2011-12-07 22:32

မြန်မာ့တပ်မတော် ဟာပြည်သူလူထုကို ကာကွယ်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များက ထူထောင်ထားပါတယ်။ သို့သော်မြန်မာ့တပ်မတော်ဟာ မိမိ စစ်တပ်နေရာ ခိုင်မာရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်များကို အမှန်တကယ် ထာဝရစစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုကိုမလုပ်ပဲ တိုင်းရင်းသားနေရာဒေသကို ထိုးစစ်များထိုးပြီး ပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များသမိုင်းစဉ်ဆက် လုပ်ဆောင်နေသည်မှာ မည်သူမှညင်းဆိုင်နိုင်မည်မဟုတ်ပါ။။

ပုံ
ကချင်(ဥပဒေ ကျောင်းသား)

Anonymous
2011-12-09 14:23

We admire the Kachin fighters who fight against the invaders. The battles testify that the Myanmar army is not efficient.

Anonymous
2011-12-13 15:47

နမ

Anonymous
2011-12-07 11:29

What a brave two commanders one is regional commander and other is regiment commander.
They went and slept in Chinese territory.I wish to know how they make sample to their troupes.They can escape from invasion but don't worry their superior(same as them) will wait to praise them by REMOVE FROM SERVICE AS WELL AS IMPRISONMENT.