မကဒတ မြောက်ပိုင်းခေါင်းဆောင် များ အကျယ်ချုပ်ချခံနေရ


2013.09.06

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ABSDF ခေါင်းဆောင်တချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိမ်းသိမ်းထားတယ်လို့ ဖေ့ဘုတ် အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မမှန်ပါဖူးလို့ ငြင်းဆိုပါတယ်။

အလားတူ လိုင်ဇာအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမည်မဖေါ်လိုတဲ့ တပ်မှူးတစ်ဦးကလည်း မဟုတ်ကြောင်း RFA ကို သောကြာနေ့က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

ဒါပေမယ့် အစိုးရအရာရှိတစ်ဦးကတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းခေါင်းဆောင်တွေနဲ့ ကေအိုင်အိုအကြား သဘောထား မတိုက်ဆိုင်တာကြောင့် အခုလို ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတာလို့ သူတို့သိရှိရကြောင်း RFA ကို အမည်မဖေါ်ပဲ ပြောဆိုပါတယ်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ အချက် ၁၂ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားပြီ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် () ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။