ကချင်ပြည်နယ်အတွင်း တင်းမာမှုတွေ ပိုဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
2012-05-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ဖားကန့်ဒေသမှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်စွဲထားတဲ့ ခလရ (၁၆) က စစ်သည် (၉၀) လောက်ကို ဒေသခံ ရှမ်းစုရွာသားတွေက နေ့စဉ် ထမင်းထုတ် ပို့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ အိန္ဒိယနယ်စစ်အနီး ချီဗွေယံ-နမ့်ယွန်းဒေသမှာ လွန်ခဲ့တဲ့ (၆) ရက်လောက် ကစလို့ ဒေသခံ အာဏာပိုင်တွေက မော်တော်ကားတွေကို အဓမ္မ ချောဆွဲနေတဲ့အတွက် ကားပိုင်ရှင်တွေ အခက်အခဲ တွေ့နေတယ်လို့ သိရပါတယ်။

မောင်းလို့မရတော့တဲ့ စစ်တပ်သုံးကားတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ဖို့အတွက် နမ့်ယွန်းအခြေစိုက် ခမရ (၁၂၆) က ခေါ်ယူ ခိုင်းစေနေတာလို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အလားတူ လားရှိုး မူဆယ် ကားလမ်းကို ဒီကနေ့ ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုချက် မရရှိပါဘူး၊။ ဒီကားလမ်းတလျှောက် KIO တပ်မဟာ ၄ က ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မူတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မဟာ ၄ က အရာရှိတစ်ဦးကို မေးကြည့်ရာမှာ အစိုးရ စစ်သားတွေဟာ အရပ်သားကားတွေ သုံးနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ စစ်သားတွေက အရပ်ဝတ်စုံတွေနဲ့ အရပ်ကား ဒိုင်နာတို့၊ ကုန်တင်ကားတို့မှာ စီးသလိုလို ဘာလိုနဲ့ ရုတ်တရက် လမ်းမှာ သူတို့ကြိုက်တဲ့နေရာမှာ ဆင်းပြီး ကြိုက်တဲ့နေရာကနေဝင်ပြီး ကျွန်တော်တို့ကို ဝင်ဝင်တိုက်တာကိုး။ ဒီလိုအကြောင်းကြောင့် ကျွန်တော်တို့တပ်မတော် ရင်း ၉ တွေ၊ ရင်း ၂ တွေအတိုက်ခံနေရတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကို တရားဝင် မေးမြန်းခွင့်မရသလို KIO ဘက်ကိုလည်း တရားဝင် မေးမြန်းခွင့် မရရှိသေးပါဘူး။

ကွန်မင့်များ (5)
Share

Taihlaw Ling

ငြိမ်းချမ်းရေးတကယ်လုပ်ချင်ရင်၊မြန်မာစစ်တပ်ကအရင် ရှေ့တန်းစခန်းတွေပြန်ရုတ်သိမ်းရမယ်။ ပြီးမှစားပွဲပေါ်ဆွေးနွေးလို့ရမှာ။ ကိုယ့်သားသီးတွေကိုယ်ပြန်သတ်နေတာကောင်းတယ်လို့မြင်တဲလူလောကမှာရှိမယ်မထင်ဘူး။

May 31, 2012 11:50 PM

အမည်မဖော်လိုသူ

အဲ့လိုသာဆိုရင် ကျွန်တော် တို့ မြန်မာနိုင်ငံကြီးဟာ အစိတ်စိတ်ကွဲတော့မှာပေါ့ ကို့လူ အဘိုးအို နဲ့သားတို့ ရဲ့ ထင်းစီးချိုးတဲ့ ပုံပြင်လေးကို သတိရစေချင်ပါတယ် စည်းလုံး ညီညွတ်မှုရအောင်တည်ဆောက်နေချိန်မှာဒါမျိုးတွေကိုတော့ မပြောသင့်ပါဘူး ဘာလို့လဲ ဆိုတော့ကျွန်တော်တို့နိုင်ငံဒီအခြေအနေရောက်လာအောင် တည်ဆောက်ခဲ့ရတာ အသက်တွေ အချိန်တွေ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရတယ်ဆို တာ မမေ့ ပါနဲ့ သင်ထင်သလို တိုင်းရင်းသားတွေအားလုံနဲ့စစ်ပြန်ဖြစ်ခဲ့ ရင် နောင် နှစ် ၅၀ ၆၀လောက်မှာ့ ခု အခြေ အနေ ပြန်ရချင်မှာ့ ရပါလိမ့်မယ်

May 29, 2012 07:42 AM

at

နေရပ်- ma

If the war difuse, all the people will be in trouble.Do'nt be fool!

May 29, 2012 07:05 AM

အမည်မဖော်လိုသူ

I would like to tell Myanmar GOV be peace for country. No more civil war and don't killing each either be united or union.

May 29, 2012 12:20 AM

အမည်မဖော်လိုသူ

ဒီတိုက်ပွဲ တစ်နိင်ငံလုံးကို ပြန့်သွားရင်ကောင်းတာပေါ့ အထူးသဖြင့်တိုင်းရင်းသားပြည်နယ်တွေအတွက်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးပြန်ရဖို့ အထိကဘဲ။ အခုချိုန် ဒိမိုကရေစီ ဆိုတာ တို့ရင်းသားတွေအတွက်တော့ တိုက်ပွဲရဲ့အစဘဲ။

May 28, 2012 08:56 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့