ကေအိုင်အို ခေါင်းဆောင်များ သမ္မတ၊ ကာချုပ်တို့နှင့် တွေ့မည်

2015-03-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲမှာ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော် နဲ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့ကို တွေ့ရစဉ်
မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲမှာ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော် နဲ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နေပြည်တော်မှာ လာမယ့် မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ပထမဆုံး အကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကေအိုင်အို ခေါင်းဆောင် ၂ဝ ကျော် တက်ရောက်မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင် ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

"ကေအိုင်အို ကိုယ်စားလှယ်လူကြီးတွေနဲ့ ဒီနိုင်ငံတော် အစိုးရလူကြီးတွေနဲ့ တပ်မတော်အကြီးအကဲတွေ ကပေါ့လေ တစ်ခါမှဒီလို ထိတွေ့ခြင်း တွေ့ဆုံတာ လည်းမရှိခဲ့ဖူးဘူး၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်အောင်ဆိုပြီးမှလည်း အရင်တုန်းက သဘော တူထားတာရှိပေမယ့် တိုက်ပွဲတွေကရှိနေတယ် ၊ ပြဿနာတွေလည်းရှိနေတဲ့အခါကျတော့ ဒီအခြေ အနေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုပြီးမှ လူကြီးတွေနဲ့တွေ့ဖို့ဆိုပြီးမှ ကျနော်တို့သိရပါတယ် ခင်ဗျ၊ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာ လှဂျာတို့၊ ဒုဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ ပြီးရင်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ကေအိုင်အိုအဖွဲ့က အဖွဲ့ခေါင်းဆောင်ပေါ့ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့ အဖွဲ့တွေအားလုံးက လူအယောက် ၂ဝ ကျော်ကျော်ပေါ့ တက်ရောက်မယ်လို့ ကျနော် သိရပါတယ်"

ကေအိုင်အိုခေါင်းဆောင်တွေနဲ့အတူ တအာင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် TNLA/PSLF က ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော် ဆွေးနွေးပွဲအပြီးမှာ ကေအိုင်အိုခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

KoKant is for show haha! mamy mamy shows for 50 years, but stupid bama tamataw. You built killing field. You are proud of your killing field.

Mar 08, 2015 08:02 AM

Mars

နေရပ်- YGN

No one want to see or talk to you, (KIA/KIO) thugs!! why you suddenly scared, just now?? KoKant war is just only for show,,haha. We can take over Waingmaw anytime we want,,okkk...Don't be too stupid proud, we just purposely let you stay between us and Chinese.

Mar 08, 2015 05:54 AM

မန်းကိုကို

လက်တွေ့မှာက - ခင်ဗျားကနေ အာဏာပိုင်တွေကို ဘယ်လောက်ပဲ ထောက်ခံခံ ၊
အမျိုး ဘာသာနဲ့ နိုင်ငံကို ဘယ်လောက်ချစ်ပြ ပြ ၊ ဘယ်လောက်ပဲ အော်ဟစ် ဆဲဆဲ ၊ ခင်ဗျားဟာ ကာချုပ်နဲ့လည်း တွေ့လို့မရဘူး ။
သမ္မတကလည်း ခင်ဗျားကို အချိန်မပေးဘူး ။ဗိုလ်ချုပ် ဆိုသူတွေကတောင် တစ်ချက်လှည့်မကြည့်ကြပါဘူး ။
ဒါဟာ နိုင်ငံရေးပါ ။ အင်အားရှိသူတွေကို လစ်လျူလို့ မရပါဘူး ။
ညှိနှိုင်းအဖြေရှာဖို့ လိုပါတယ် ။ အလယ်ကျတဲ့ တစ်နေရာကို ရွေးချယ်သဘောတူရပါတယ် ။

Mar 08, 2015 05:53 AM

မန်းကိုကို

ဒီသတင်းကို ဖတ်မိတဲ့အခါ - အချို့လည်း ဝမ်းသာမယ် ။ အချို့လည်း ခံရခက်မယ် ။ အချို့လည်း မျှော်လင့်ချက်တွေ ရှိကြမယ် ။
အချို့လည်း မစခင်ကတည်းက ပျက်စီးစေချင်တဲ့စိတ်က ဖုံးမနိုင်ဖိမရ ။
ကျနော် ပြောချင်တာက - အဲသည်လူတွေဟာ သူပုန်တွေ .. ဆို ... ၊
သောင်းကျန်းသူတွေ .. ဆို ... ၊ အဖျက်အမှောင့် လုပ်နေသူတွေ .. ဆို ... ၊
နိုင်ငံတော် ဖြိုခွဲမယ့်သူတွေ .. ဆို .... ၊ သည်လောက်အထိ ဆိုးရွားနိမ့်ကျနေတဲ့သူတွေကိုမှ ၊
နိုင်ငံရဲ့ အမြင့်ဆုံးရာထူးတွေယူထားတဲ့ သမ္မတ တို့ ၊ ကာချုပ်တို့ကနေ တွေ့ကြမယ် ဆိုပါလား ။
မဖြစ်သင့်ဘူးလို့ မထင်ဘူးလား ။ မတူမတန်ဘူးလို့ မယူဆဘူးလား ။ မလုပ်သင့်တာလို့ မမြင်ဘူးလား ။

Mar 08, 2015 05:43 AM

ဆိုက်တခုလုံးသို့