ကချင်ပါတီ ၃ ခုပေါင်းပြီး ပါတီသစ် ထူထောင်

2018-02-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်အမျိုးသားကွန်ဂရက်ပါတီ KNCP အမည်နဲ့ ပါတီသစ်ထောင်မယ့်အကြောင်း မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပါတီခေါင်းဆောင်တွေ ကြေညာစဉ်
ကချင်အမျိုးသားကွန်ဂရက်ပါတီ KNCP အမည်နဲ့ ပါတီသစ်ထောင်မယ့်အကြောင်း မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပါတီခေါင်းဆောင်တွေ ကြေညာစဉ်
Photo: Kyaw Myo Min/RFA

ကချင်နိုင်ငံရေးပါတီ ၃ ခု ပေါင်းပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီ KNCP အမည်နဲ့ ပါတီသစ် ထူထောင်မယ့် အကြောင်း ဒီနေ့ မြစ်ကြီးနားမြို့  မနောကွင်း မဂျွယ်ခန်းမမှာ ပါတီခေါင်းဆောင်တွေက ကြေညာလိုက်ပါတယ်။

အဲဒီပါတီအသစ်ကို ပူးပေါင်းဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီမှာ ပါဝင်တဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင် ဒေါက်တာ အမ်ကောန်လ က အခုလိုပြောပါတယ်။

"ကျနော်တို့ဟာ နိုင်ငံရေးမှာ တစုတစည်းတည်းသောခွန်အား၊ တစုတစည်းတည်းသော ကိုယ်စားပြုမှု၊ တစုတစည်းတည်းသော ရှေ့ဆောင်ဆောင်ရွက်မှုကို ဒီကနေ့စမှာဖြစ်တယ်။ ဒီ ကျနော်တို့ သုံးပါတီ အပေါင်းကနေ အခု ဒီနေ့ ပျက်စီးလုနီးပါးဖြစ်နေတဲ့ ပြည်ထောင်စုမှာ၊ ဖရိုဖရဲဖြစ်နေတဲ့ ပြည်ထောင်စု မှာ၊ ပြည်တွင်းစစ်ကို ပြင်းပြင်းထန်ထန် ကျန်ာတို့ ပြည်နယ်မှာဖြစ်နေတဲ့နေရာမှာ ကျနော်တို့ ဟာ ပြည်ထောင်စုရဲ့နိုင်ငံရေးကို ဘယ်လောက်အထိ ကျနော်တို့ တည်ဆောက်မလဲဆိုတဲ့ ခြေလှမ်း အစဖြစ်တယ်။"

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ၃ ခုကို ပေါင်းစည်းပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီ KNCP အမည်နဲ့ ထူထောင်လိုက်တာဖြစ်ပါတယ်။

တပြည်နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ပါတီဖြစ်ဖို့ဆိုရင် ညီလာခံကြီးတစ်ခု ကျင်းပဖို့လိုအပ်ကြောင်း၊ ကချင်၊ လီဆူ၊ ရှမ်း၊ နာဂ စတဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသားဖြစ်တဲ့ ဂေါ်ရခါး လူမျိုးတွေနဲ့ နယ်ပယ်စုံကို ဖိတ်ကြားပြီး အချိန်ယူဆောင် ရွက်သင့်ကြောင်း ရှင်ဗွေယန်မြို့နယ်ခွဲရဲ့ နာဂရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ က အကြံပြုဆွေးနွေးပါတယ်။

အခုလို ပါတီအသစ်ရဲ့အမည်၊ တံဆိပ်၊ လိုဂိုနဲ့ အလံတွေကို အသိပေးတာဟာ ပေါင်းစည်းဖို့ သဘောတူခဲ့ကြတဲ့ ပါတီ ၃ ခုရဲ့ သဘောထားဖြစ်ပြီး၊ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ပါတီ ၃ ခုပေါင်းစည်းနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်ကနေစတင်ပြီး ဒီနှစ်ရောက်မှ ပေါင်းစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပါတီသစ်အနေနဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဂျိန်းဖော၊ လီဆူ၊ လော်ဝေါ် စတဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေကို အခြေခံတဲ့ ပါတီ ၇ ခု၊ တိုင်းလိုင် (ရှမ်းနီ) နဲ့ ရှမ်းမျိုးနွယ်စုတွေကို အခြေခံတဲ့ ပါတီ ၄ ခုရှိပါတယ်။

ဒီကနေ့ ပေါင်းစည်းလိုက်တဲ့ ပါတီ ၃ ခုဟာ ဂျိန်းဖော တိုင်းရင်းသားအများစုကို အခြေခံဖွဲ့စည်းထားတဲ့ ကချင်တိုင်းရင်းသားပါတီဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့