ကေအန်ပီပီခေါင်းဆောင်တွေ ဒီမောဆိုဒေသခံတွေနဲ့ တွေ့ဆုံ

2014-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ကေအန်ပီပီ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ခေါင်းဆောင်တွေ ဒေသခံတွေနဲ့ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ်
ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ကေအန်ပီပီ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ခေါင်းဆောင်တွေ ဒေသခံတွေနဲ့ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: Nay Thwae / RFA

ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ ခေါင်းဆောင်တွေဟာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံ ပြီး လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။

ဒီမောဆိုမြို့နယ် ငွေတောင်ကျေးရွာ အုပ်စု ဒေါငံရောက် ကျေးရွာက ကက်သလစ် ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တဲ့ ရည်ရွယ်ချက်ကို ကေအန် ပီပီအရန်ဗဟိုကော်မတီ အဖွဲ့ဝင် ခူးတော်ရယ်က အခုလို ပြောပါတယ်။

"အစိုးရ တက်လုပ်မဲ့သူက လူထုကမဲပေးမှ တက်လုပ်တဲ့ လူဆိုလို့ရှိရင် လူထုနဲ့ဆန့်ကျင် ပြီးတော့မှ တက်လုပ်သည့် အစိုးရမှန်သမျှ သည် နောက် ၄ နှစ်၊ သို့မဟုတ် ၅ နှစ်သွား ၊ နောက် တစ်ယောက်ကိုရွေး အဲ့လိုဆိုလို့ရှိရင် အာဏာသည် လူထုလက်ထဲမှာရှိတယ်လို့၊ ကျနော် တို့ တောက်လျှောက် တော်လှန်ရေးလုပ်နေတာ အဲ့ဒီအတွက် ကျနော်တို့ လုပ်နေတာဖြစ်တယ်၊ တော် လှန်ရေး လုပ်ပြီးတော့မှ တော်လှန်ရေးက အောင်မြင်ရင် KNPP သည်အစိုးရ တက်လုပ်မယ် ဘယ်တော့မှ မပြောခဲ့ဘူး၊ နားလည်မှုလွဲလို့ အဲ့လို တလွဲပြောတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ရှိရင် ရှိမယ်၊ ဒါပေမဲ့ အဲ့ဒါမှားပါတယ်၊ KNPP အာဏာရရှိရေး လုပ်နေတာမဟုတ်ဘူး၊ အာဏာသည် လူထုလက်ထဲမှာ ရောက် သွားဖို့ ကျနော်တို့ တော်လှန်ရေးလုပ်နေတာဖြစ်တယ်"

အစိုးရနဲ့ ကေအန်ပီပီတို့ရဲ့ နောင်ဆွေးနွေးပွဲတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့၊ သဘာဝသယံဇာတတွေ ကို ပြည်သူတွေပိုင်ဆိုင်ခွင့်ရှိဖို့၊ တောင်သူလယ်သမားတွေအတွက် ဘ၀အာမခံချက်တွေရှိဖို့ စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးပေးဖို့ ဒေသခံတွေက တင်ပြခဲ့ တယ်လို့ သိရပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို ငွေတောင်ကျေးရွာအုပ်စု ငွေတောင်၊ ဒေါငံရောက်၊ ဒေါဆိုရှေ့ ၊ ကန်ခုနှစ်ဆင့် စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံ ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်း ကေအန်ပီပီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးပလူးရယ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့