UPWC, NCCT အဖွဲ့ဝင်များ တပ်နေရာချထားရေး ဆွေးနွေး


2015.03.29
upwc-ncct-305.jpg ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလ ၂၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Kyaw Htoon Naing / RFA

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ UPWC နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မနေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်တပ်တွေ နေရာချ ထားရေးကို ဆွေးနွေးခဲ့ကြပါတယ်။

လွိုင်ကော်မြို့ ကယားပြည်နယ်အစိုးရုံးရုံးမှာ တွေ့ဆုံခဲ့ကြ တာဖြစ်ပြီး တပ်နေရာချ ထားရေး ကိစ္စတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် ရန်ကုန်မှာ ကျင်းပ မယ့် NCCT နဲ့ UPWC ဆွေးနွေးပွဲမှာ ဆက် လက်ဆွေးနွေးသွားမယ်လို့ KNPP က ဗဟိုအလုပ် အမှုဆောင် ဦးပလူးရယ်က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ KNPP က တောင်းဆိုတဲ့ ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့ အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးခင်ရီတို့ ဦးဆောင်တဲ့ UPWC အဖွဲ့နဲ့ KNPP တို့ဟာ မနေ့က ပြည်ထောင်စု အဆင့် လေးကြိမ်မြောက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

KNPP က ဗဟိုအလုပ်အမှုဆောင် ဦးပလူးရယ်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။