အစိုးရနဲ့ KNU အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး

ကေအန်ယူနဲ့ ယခင်မြန်မာအစိုးရအဆက်ဆက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ၆ ကြိမ်လောက် ဆွေးနွေးခဲ့ကြဖူးပေမယ့် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို အောင်အောင်မြင်မြင် အပစ်အခတ်ရပ်စဲနိုင်ရာမှာ အပြန်အလှန်ယုံကြည်မှုဟာ အဓိကကျတယ်လို့မြင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဝန်ကြီး ဦးအောင်မင်းက အာအက်ဖ်အေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ဆင့်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ပင်လုံညီလာခံထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲကြီး တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီအဆင့်မှာ ပါဝင်နိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးပါတီအားလုံးရှေ့မှာ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ထာဝရငြိမ်းချမ်းရေးအတွက် နေပြည်တော်ကြီးမှာ လက်မှတ်ရေးထိုးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်လို့ ကျွန်တော် ယူဆပါတယ်”
ဒီအတောအတွင်း ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ၄ နာရီအကြာမှာ အကျဉ်းသား ၆၀၀ ကျော်ကို လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ကြေညာချက်ထုတ်ပြန်လိုက်တာဟာ ကေအန်ယူနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကေအန်ယူကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုကစလို့ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးအတွက် အစိုးရကို လက်နက်စွဲကိုင်တော်လှန်လာခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းကို အာအက်ဖ်အေက ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။![]() |
ဆက်သွယ်မေးမြန်းချက်နားဆင်ရန် |
![]() |
အသံဖိုင်ရယူရန် |
![]() |
ဆက်သွယ်မေးမြန်းချက်နားဆင်ရန် |
![]() |
အသံဖိုင်ရယူရန် |