ဗုံးခွဲသူ တရားခံဖမ်းမိရေးအတွက် KNU စုံစမ်းရေးကော်မရှင်ဖွဲ့

2013-10-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အခုလအတွင်းက မြန်မာနိုင်ငံအတွင်းက မြို့ကြီးတချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ တရားခံကိုရှာဖို့အတွက် ကရင်အမျိုးသားအစည်းအရုံးက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဗုံးဖောက်ခွဲမူမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က RFA ကို ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ကေအဲန်ယူရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပြီး၊ ပါဝင်တဲ့သူတွေရဲ့ အမည်ကိုထုတ်ပြောဖို့ ပဒို မန်းငြိမ်းမောင်ကငြင်းဆန်ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သူကပြောပါတယ်။

အောက်တိုဘာလအတွင်းက ရန်ကုန်၊ တောင်ငူ၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေက ဗုံးပေါက်ကွဲမှု၊ ဗုံးရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး တရားခံတွေကိုဖမ်းဆီးရပေမဲ့ အဓိကတရားခံလို့ယူဆရသူ စောနေတိုးက ဒီကနေ့ထိလွတ်မြောက်နေဆဲလို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့