ဖါပွန်ခရိုင်အတွင်း လမ်းဖေါက်နေတာဟာ NCA ကို ချိုးဖေါက်တယ်လို့ KNU ပြော

2018-05-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KNU တပ်မဟာ ၅ က စစ်သားတစ်ဦးကို တွေ့ရစဉ်
KNU တပ်မဟာ ၅ က စစ်သားတစ်ဦးကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU နယ်မြေအတွင်းမှာ တပ်မတော်က တပ်အင်အားတိုးချဲ့တာတွေ ဆက်ပြီးဆောင် ရွက်နေတာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က  ဒီနေ့ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ကစပြီး ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းမှာ တပ်မတော်က တပ်အင်အားတိုးချဲ့ လာတာ၊ လမ်းဖောက်လုပ်ဖို့အတွက် စက်ယန္တရားတွေကို တိုးချဲ့ပို့ဆောင်လာတာတွေကို တွေ့ဆုံညှိနှိုင်းမှုမရှိဘဲ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီလိုဆောင်ရွက်မှုတွေဟာ NCA ပါ သဘောတူညီချက်တွေကို အလေးမထားရာ၊ ချိုးဖောက်ရာရောက်တဲ့အတွက် ကန့်ကွက်ကြောင်း ပြောထားပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ KNU အဖွဲ့ရဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းက ခေးပူးနဲ့ လယ်မူပလောဒေသမှာ တပ်မတော်က လမ်းဖောက်နေတာ စစ်အင်အားတိုးချဲ့ ပို့ဆောင်လာတာတွေရှိခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုတွေရှိပြီး ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစပြီး  နှစ်ဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ NRPC မှာ နှစ်ရက်ကြာပြုလုပ်နေတဲ့ JMC-U အစည်းအဝေးမှာ အဲဒီဖာပွန်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ခိုက်မူနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိုနှိုင်းသွားမယ်လို့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့