ကရင်အာဇာနည်နေ့ကျင်းပသူတွေ အရေးယူခံရမှု KNUဥက္ကဋ္ဌဟောင်း ကန့်ကွက်


2019.08.17
karen-martyrs-day-2019-622.jpg ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပစဉ်
ဓာတ်ပုံ - သန့်ဇင်ဦး/ RFA

ကရင်အမျိုးသား အာဇာနည်နေ့ကို ရန်ကုန်မြို့မှာ ဦးဆောင်ကျင်းပခဲ့သူတွေကို ရဲတပ်ဖွဲ့က အရေးယူတာကို ကန့်ကွက်ရှုတ်ချကြောင်း KNU ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသူတွေကို တရားစွဲတာဟာ ကရင်တစ်မျိုးသားလုံးကို ထိပါးခြင်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေကြောင်း နော်စီဖိုးရာစိန်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်တဲ့ ကရင် အမျိုးသား အာဇာနည်နေ့ကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဦးဆောင်ကျင်းပခဲ့တဲ့ နော်အုန်းလှနဲ့ ကရင်လူငယ် နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတာဖြစ်ကြောင်း ရဲစခန်းက RFA ကို သြဂုတ်လ ၁၅ ရက်နေ့မှာ အတည်ပြုပြောဆိုထားပါတယ်။

KNU Concerned Group က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ကျောက်တံတားမြို့နယ် ရဲစခန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့် လျှောက်ထားချိန်ကတော့ အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်း အသုံးမပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။