လောက်ကိုင်ဒေသတိုက်ပွဲ ထိခိုက်ကျဆုံးများပြား၊ ပုဒ်မ ၁၄၄ ထုတ်ပြန်


2015.02.12
laukaing-305.jpg လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ
Photo: Hmuu Zaw

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူ များနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ ရကြောင်း၊ ဖြစ်စဉ်တလျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း အစိုးရက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ တိုက်ပွဲဆက်လက်ဖြစ်တာ မရှိတော့ပေမဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လားရှိုးမြို့ မန်စူဘုန်း ကြီးကျောင်းမှာ လောက်ကိုင်ဒေသခံ ၁၀၀ ကျော် ခိုလှုံနေကြတယ်လို့ မန်စူကျောင်း ကျောင်းထိုင် ဆရာတော်က ပြောပါတယ်။

ဒီလ ၉ ရက်နေ့ကစပြီး အစိုးရစစ်တပ်နဲ့ ကိုးကန့် တပ်တွေဟာ လောက်ကိုင်မြို့နဲ့ မော်ထိုက်မြို့အကြားမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။