ကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းထန်

2015-03-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
Photo: AFP

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့အနီးမှာ အစိုးရတပ်မတော်နဲ့ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ ကိုးကန့်အဖွဲ့က ပြောပါတယ်။

လောက်ကိုင်မြို့အနီး ကုန်းကြမ်းနဲ့ခုတ်ထန်မြို့ အနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု MNDAA ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"မနေ့ကဖြစ်တာက ခုတ်ထန်မှာ မနက်ကနေ ညနေအထိ၊ တိုက်လေယာဉ်က လေးစင်း၊ နှစ်စင်း တစ်ကြိမ်ပေါ့နော်၊ ရဟတ်ယာဉ်ကနှစ်စီး၊ လောလောဆယ်ကြားတာကတော့ သူတို့လေယာဉ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ရွာထဲက အဆောက်အဦးတွေ ပျက်စီးသွားတယ်ပြောတယ်၊ ပြည်သူလူထု အသက်ဆုံးရှုံးမှုရှိလားတော့ ကျနော်လည်းမပြောတတ်သေးဘူး၊ ခုရက်ပိုင်းကတော့ တော်တော်လေးပြင်းထန်ပါတယ်"

အစိုးရတပ်မတော်ဖက်က တိုက်လေယာဉ် ၊ ရဟတ်ယာဉ်တွေနဲ့ မနေ့က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။ လောက်ကိုင်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တစ်လကျော်ကြာတဲ့အချိန်အထိ နယ်မြေတည်ငြိမ်မှု မရှိသေးဘူး လို့ သိရပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့