ခိုတောင်းအမှုမှ မြန်မာနှစ်ဦး မိဘများ ထိုင်းရှေ့နေများကောင်စီ နှင့် တွေ့မည်

2014-10-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်
ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Htoon Naing, Kyaw Zaw Win/RFA

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရဖို့အတွက် ဘန်ကောက်မြို့ မြန်မာသံရုံး က စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိဘတွေနဲ့ ထိုင်းရှေ့နေများကောင်စီတို့ မနက်ဖြန် တွေ့ဆုံပြီးနောက် တရားရုံးအမှုတင်တဲ့ရက်မှာ အာမခံလျှောက်ထားမှာဖြစ် တယ်လို့ ဒီအမှုအတွက် ဆောင်ရွက်ပေးနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေဟာ မနက်ဖြန်မနက်မှာ ဘန်ကောက်မြို့ကို ရောက်ရှိကြ မှာဖြစ်ပြီး မြန်မာသံရုံးမှာ ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံအမတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ထိုင်းလူ့အခွင့်အရေးကော်မရှင် ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က မနေ့က ကော့စမွီးအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ  နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့