ထိုင်း အကျဉ်းထောင်က မြန်မာ လူငယ်နှစ်ဦး ဒေါ်အောင်ဆန်း စုကြည်ထံ စာပေးပို့


2014.12.11
koh-tao-myanmar-305.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာ နှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲ ဆိုခံနေရသူ မြန်မာလူငယ်နှစ်ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံကို အကူ အညီတောင်းခံတဲ့စာတစ်စောင် မနေ့က ရေးသားပေး ပို့ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မိမိတို့အနေနဲ့ ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်ခဲ့ပဲနဲ့ အကျဉ်းထောင်ထဲမှာ မနေလိုကြောင်း၊ မတရားသဖြင့် ဓါးစာခံဖြစ်နေရတာကြောင့် တရားမျှတမှုကို လိုလားမျှော်လင့်နေပါကြောင်း၊ မိမိတို့ ထိုင်းနိုင်ငံ မှာ သွေးနဲ့ချွေးနဲ့ရင်းပြီး အလုပ်လုပ်ရာက ရတဲ့ငွေကြေးကို မိဘတွေဆီပြန်ပို့နိုင်တဲ့အတွက် မိဘတွေ အဆင်ပြေ ပျော်ရွှင်နေကြတာဖြစ်ကြောင်း မြန်မာဘာသာနဲ့ စာထဲမှာဖော်ပြထားပြီး၊ နှစ်ယောက်လုံး လက်မှတ်ရေး ထိုး ထားကြတယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကရုံးချိန်းမှာ သူတို့အပေါ် စွဲဆိုထားတဲ့စွဲချက်တွေကို တစ်ခုမှ မကျူးလွန်ကြောင်း နှစ်ယောက် လုံးက ထွက်ဆိုခဲ့ကြပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အမှုအတွက် အကျိုးဆောင်ပေးနေတဲ့ ထိုင်းရှေ့နေများအဖွဲ့ခေါင်းဆောင် နာခွန်းက ဒါဟာပုံမှန်ထက် ရှေ့ကို ၂ လစောပြီး ချိန်းဆိုတာဖြစ်တဲ့အတွက် မြန်မာလူငယ်နှစ်ယောက်အတွက် ထွက်ဆိုပေးမယ့် သက်သေတွေ အလုံအလောက်ရှာဖွေဖို့ ခက်ခဲသွားရကြောင်း၊ ဒါပေမဲ့ တရားမျှတမှုအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။